"KDU ကြိုးစားထား KDU နိုင်ရမယ်"
မြက်ခင်းတို့နဲ့စိမ်းလန်းနေတဲ့ ကြီးမားကျယ်ပြန့်လှတဲ့ကွင်းထဲမှာ Kingdom Universityကိုယ်စားပြုအဖြစ် ခန့်ညား၊တည်ငြိမ်နဲ့ ကောင်းကင်တို့ပါတဲ့အဖွဲ့နဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ Star Universityကိုယ်စားပြုအဖွဲ့နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေကြတာဖြစ်သည်။
ချောမောခန့်ညားတဲ့နေရာမှာ နာမည်ကြီးကြတဲ့ ခန့်ညားတို့သူငယ်ချင်းသုံးယောက်ဟာ မိန်းခလေးတွေကြားမှာ လူကြိုက်များကြသလို ဘောလုံးကန်ရာမှာ တဖက်ကမ်းခတ်ကျွမ်းကျင်ပြီး သုံးယောက်လုံးကစည်းချက်ညီညီ၊နည်းဗျူဟာကောင်းကောင်းနဲ့ သွင်းဂိုးတွေကိုဖန်တီးနိုင်တာကြောင့် ယောင်္ကျားလေးတွေကြားထဲမှာလည်း လေးစားအားကျရတဲ့သူတွေလည်းဖြစ်သည်။
သို့သော် ကွင်းထဲမှာ ကစားေနကြတဲ့ ထိုဘောလုံးသမားတွေထဲ နားကွင်းဝတ်ဆင်ထားပြီး ပြာရင့်ရောင်ဆံပင်ဆိုးထားတဲ့ကျောနံပါတ်(၁၀)ကတော့ ပန်းမြတ်ရဲ့တခုတည်းေသာ ကမ္ဘာငယ်လေးပဲဖြစ်သည်။ တကိုယ်လုံးမှာချွေးတွေထွက်နေကာ ပြေးလွှားနေတဲ့ပုံရိပ်ကအစ မျက်လုံးမလွှဲချင်အောင် ထိန်းချုပ်နိုင်တဲ့အစွမ်းကို ထိုလူသားကပိုင်ဆိုင်ထားလေသည်။
"KDU နိုင်မှာ...KDU နိုင်မှာ..."
ဖိုင်နယ်ပွဲကိုရောက်လာတဲ့အဖွဲ့တွေဖြစ်တာကြောင့် လက်ရည်တွေကသူမသာကိုယ်မသာနှင့် ဟိုဘက်အဖွဲ့ကလူတွေကလည်း ပေါ့သေးသေးလျှော့တွက်လို့တော့မရ။ ဂိုးရတော့မဲ့အကွက်တွေ့တာနဲ့ ဖတ်ခနဲဘောလုံးဆွဲလာပြီး ကန်တတ်သေးသည်။ တော်သေးတာက ခန့်ညားတို့အသင်းတဖွဲ့လုံးလူညီလို့ပဲ တော်သေးသည်။ ခန့်ညားတို့အသင်း ခုခ်ိန်ထိခံစစ်နဲ့ပဲကန်နေရတာအပေါ် ခန့်ညားတို့သုံးယောက်လုံး တင်းလာရသည်။ ပထမပွဲပြီးချိန် ဝီစီမှုတ်လိုက်တော့ ခန့်ညားတို့ခဏနားရတော့မယ့်အချိန် ရောက်လာသည်။
"ရော့ ဒီမှာ နင်တို့အတွက် ရေဘူး"
အကုန်လုံးက ကွင်းရဲ့အားပေးရာနေရာမှာပဲ အားပေးကြရပေမဲ့ ပန်းမြတ်ကတော့ တည်ငြိမ်နဲ့ကောင်းကင်ရဲ့မစမှုကြောင့် ကွင်းထဲက သူတို့ဘောလုံးသမားတွေထိုင်နေတဲ့နေရာနားထိ အမြဲလာအားပေးခွင့်ရခဲ့သည်။ ဒီနေရာကနေကြည့်ပြီးအားပေးရတာက ကွင်းထဲမှာအားပေးရတာထက်ပိုပြီး ရှင်းလင်းပြတ်သားစွာ မြင်နေရတာကိုတော့ ပန်းမြတ်ဝန်ခံရမည်။
ESTÁS LEYENDO
အချစ်စစ်တို့ဖူးပွင့်ဝေစေ[ခေတ္တရပ်နား]
Romanceသူငယ်ချင်းကောင်လေးကို တဖက်သတ်ချစ်နေမိတဲ့ကောင်မလေး၊ သူမကသိပ်ချစ်ရသလောက် သူငယ်ချင်းကောင်လေးကရော ချစ်ပါ့မလား...၊ သူမရဲ့နက်ရှုိင်းတဲ့အချစ်တွေကိုရော ကောင်လေးကမြင်လာနိုင်ပါ့မလား....ဆိုတာ အာဆူလာနဲ့အတူတူ လိုက်ပါစီးမြောပြီးဖတ်ရှုလိုက်ကြရအောင်🙊🙊 ဒီလိုမျိုးလ...