Kaiဆေးရုံအုပ်နဲ့စကားပြောပြီး လိုအပ်မည့်ပစ္စည်းလေးတွေထားရန်နားနေခန်းသို့လာခဲ့လိုက်သည်
နားနေခန်းကဒုတိယထပ်စွန်းစွန်းမှာဖြစ်တာကြောင့်စိတ်အေးလက်အေးတော့ရှိသား
Kaiတံခါးကိုဖွင့်ပြီး၀င်လိုက်တော့အထဲမှာ ဆေးရုံအုပ်ပြောတဲ့အတိုင်းပြည့်စုံပြီးသား
ခဏအနားယူဖို့ထားပေးထားသည့် နှစ်ထပ်အိပ်ခုတင်၂လုံးရှိတာကြောင့် ညဘက်တွေduty၀င်ရင်ပိုအဆင်ပြေသည်မို့ Kaiအတော်လေးသဘောကျနေမိသည်။
အခန်းထဲကိုလှည့်ပတ်ကြည့်နေတုန်း ကြားလိုက်ရသည့် အသက်ရှုသံမျှင်းမျှင်းလေးကြောင့်Kaiအကြည့်တို့ အခန်းညာဘက်မှာရှိသည့် နှစ်ထပ်ခုတင်လေးပေါ်သို့ပို့မိသည်
စောင်ခြုံကာခပ်ကွေးကွေးလေးအိပ်နေသည့်အကောင်ပေါက်လေးကြောင့်Kaiရင်ခုန်သံတွေပုံမှန်ထပ်ပို၍မြန်လာရသည်
မျက်နှာသေးသေးလေးပေါ်က ထင်ထင်ရှားရှားအစိတ်အပိုင်းလေးတစ်ခုချင်းစီတ်ိုင်း ပန်းချီဆွဲထားတာထပ်ပင်ပို၍ စွဲမက်စရာကောင်းလွန်းနေပေသည်
Kaiဘေးနားကခုံပေါ်တွင်ထိုင်ပြီးအနှီလူသားလေးကိုငေးကြည့်နေမိ၏
ခုတင်ဘေးကဆေးကဒ်ခွံလေးတွေကိုကြည့်ရင်Kaiသက်ပြင်းခပ်ဖွဖွချမိသည်
နေမကောင်းဘူးထင်တယ် ဆေးမသောက်ခင်အစားကောစားထားပုံရရဲ့လားမသိ
hyunမင်းကတော့လေ မောင်မရှိတာနဲ့ပဲကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူးပဲ
အမှန်တိုင်း၀င်ခံရရင် Kai ဟာ၀်ိုင်အီရောက်နေသည့်ထို၃နှစ်လုံးဒီအကောင်ပေါက်လေးကိုသတိမရတဲ့နေ့ရယ်လို့မရှိခဲ့ နေ့ရက်တိုင်းဒီလူသားလေးသာသူ့ကိုအမြဲစိုးမိုးနေခဲ့တာပင်
မြင်နေရင်းနဲ့တောင်လွမ်းတယ်မောင့်အချစ်ရယ် မင်းကနှင်လွှတ်ခဲ့ပေမယ့် မင်းကိုတစ်နေ့မှမုန်းပစ်လို့မရတဲ့အပြင် မင်းဆိုတဲ့ရပ်၀န်းလေးကနေမောင်ရုံးမထွက်နိုင်သေးဘူး
မောင့်ဘ၀ကိုဒီလောက်ပဲကြီးစိုးနိုင်ရသလားအချစ်ရယ်ထိုလူသားလေးကိုရင်ခွင်ထဲမှာပွေ့ဖက်ထားချင်ပေမယ့် အခုချိန်မှတော့ငေးကြည့်ရုံသာတက်နိုင်ပါသည်
YOU ARE READING
Back to december (Completed)
Fanfictionအချိန်တွေကိုသာနောက်ပြန်ဆုတ်လို့ရရင် သေချာပေါက်မောင့်အနားမှာပဲ ငါရှိနေခဲ့မှာ