ကလေးတွေအားလုံးစမ်းသပ်လို့ပြီးသွားပေမယ့် ဂေဟာမှာရှိနေတဲ့လူကြီးတွေကိုပါဆက်ပြီးစမ်းသပ်ပေးနေတာကြောင့်အချိန်နည်းနည်းပင်ကြာသွားရ၏။
နာရီကိုကြည့်မိတော့၂နာရီပင်ထိုးခါနီးပြီ
ကလေးတွေနဲ့ကစားပေးနေသည့်လူတွေထဲကြည့်မိတော့မြတ်နိုးရသူကိုမတွေ့
အမောဖြေဖို့ခဏထိုင်လိုက်ပေမယ့် အမောကမပြေ
ဘယ်တွေသွားနေတာလဲကွာ....
ထမင်းကျွေးသည့်နေရာသွားကြည့်ပြန်တော့လည်းမတွေ့
ရှာရတာအဆောက်ဦးတစ်ခုလုံး ဒေါင်းတောက်နေပေပြီ
ပြန်သွားတာလား...
"Kai ! မင်းထမင်းမစားသေးဘူးလား?"
အသံလာရာလှည့်ကြည့်မိတော့Soobin hyung
"မစားသေးပါဘူးhyungရာ ဒါနဲ့Hyunကိုတွေ့မိသေးလား"
ထိုသို့မေးမိတော့ အကြောင်းသိသလိုSoobin hyungက ခပ်စစပြုံး၏။
"ငါထင်သားပဲ မင်းမေးတော့မယ်ဆိုတာကို "
"ဖြေပါဗျာ hyungကလည်းအထာတွေကိုင်လိုက်တာ"
"ဘုရားကျောင်းအနောက်ဘက်ကိုသွားတယ်ဟျောင့် .. ခုချိန်အဲ့မှာဘယ်သူမှရှိမှာမဟုတ်ဘူး
မင်းဖွင့်ပြောချင်တယ်ဆိုရင် အဆင်ပြေတယ်"Soobin hyung ရဲ့အပြောကို Kaiအပြုံးနဲ့သာတုန့်ပြန်မိ၏။
"မပြောသေးပါဘူးhyungရယ်"
Kaiအပြောကြောင့်Soobinမှာအံဩသွားဟန်
"ဒီလောက်အခါအခွင့်သင့်နေတာကို မင်းရူးများနေသလား"
Soobinစကားသံကြောင့်Kaiထပ်ပြုံးမိပြန်သည်။
"မဟုတ်ဘူးhyung .. ဒီတစ်ခါဖွင့်ပြောတာက အရင်တစ်ခေါက်ကနဲ့မတူဘူး
တကယ်လို့ကျွန်တော့်ကိုHyunသာလက်ခံရင်
တစ်ဘဝလုံးစာအပိုင်ချည်နှောင်ပစ်လိုက်တော့မှာမို့ ကျွန်တော်လွယ်လွယ်နဲ့မပြောသေးတာ
ကျွန်တော် သူ့ကို ထပ်ပြီးလက်လွတ်ခံမှာမဟုတ်တော့ဘူး""ငါ့ကောင်ကတော့အတည်ပေါက်ကြီးပြောနေတာပဲ...မင်းဆန္ဒတွေတကယ်ဖြစ်လာပါစေကွာ"
YOU ARE READING
Back to december (Completed)
Fanfictionအချိန်တွေကိုသာနောက်ပြန်ဆုတ်လို့ရရင် သေချာပေါက်မောင့်အနားမှာပဲ ငါရှိနေခဲ့မှာ