မျက်နှာပေါ်သို့ ဖြာကျလာသောနေရောင်ခြည်ကြောင့် Taehyun အိပ်နေရာမှ မျက်ခုံးတို့ကို စုကျုံမိသည်။
ဖျားထားတဲ့အရှိန်ကြောင့် ခေါင်းကတစ်ဆစ်ဆစ်နဲ့ကိုက်၍ အာခေါင်များခြောက်ကပ်ကာ နာချင်သလိုဖြစ်နေ၏။
သူအဖျားမကင်းသေးဘူးပဲ....
နာရီကိုကြည့်မိတော့ မနက်၉နာရီပင်ခွဲနေပြီမို့
အိပ်ယာမှ အားယူကာထလိုက်သည်။အိပ်ယာပေါ်မှာအကြာကြီးလှဲမနေချင်တာကြောင့်လည်းဖြစ်သည်။
ဘေးနားက ဆိုဖာပေါ်ကြည့်လိုက်တော့ မနေ့က မောင်အိပ်ခဲ့သည့် စောင်နှင့်ခေါင်းအုံးက သေသပ်စွာနေရာတကျရှိနေ၏။
ပြန်သွားပြီနဲ့တူပါတယ်....
မျက်နှာသစ်ရန် ရေချိုးခန်သို့ ဝင်လိုက်တော့ ဘေစင်ပေါ်မှာတင်ထားသည့် သွားပွတ်တံလေးပေါ်မှာ သွားတိုက်ဆေးကအဆင်သင့်
မျက်နှာသုတ်ပါဝါကလည်း အဆင်သင့်ရှိနေသလို မျက်နှာသစ်ရန် ရေနွေးစပ်ကာ သေချာလေးပြင်ဆင်ပေးထားလေသည်။
မောင်ကတော့ လူကိုမချစ်ပဲမနေနိုင်အောင်ပြုစားလွန်းပါဘိ....
မျက်နှာသစ်အဝတ်စားလဲကာ အခန်းထဲကထွက်လာတော့ တစ်ခုခု တူးနေသည့်အနံရတာကြောင့် မီးဖိုခန်းဘက်ကိုအမြန်သွားကြည့်ရ၏။
မနေ့က ပလပ်တွေလည်းသေချာဖြုတ်ပါတယ်....
မီးဖိုခန်းဘက်ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် Taehyun မှာငိုပဲငိုရမလို ရယ်ပဲရယ်ရတော့မလို...
ကြက်ဥတွေတစ်ခန်းလုံးပွကာ မီးဖိုပေါ်က ပေါင်မုန့်တွေနဲ့ကြက်ဥတွေဟာလည်းတူး နေအောင်လုပ်ထားသူက Taehyun အား အားနာသလိုလေးပြုံးပြနေလေ၏။
"ဟို...ကျွန်တော်မနက်စာပြင်မို့လုပ်ထားတာ...ချက်နေကြမဟုတ်တာနဲ့..."
လည်ပင်းကိုအရှက်ပြေပွတ်ကာပြောလာသူကိုကြည့်ရင်း ဟန်မဆောင်နိုင်ကာ အသံတွေထွက်အောင်ရယ်မိတော့သည်။
မောင်ကတော့လေ....
"ငါက Kaiပြန်သွားပြီထင်နေတာ"
YOU ARE READING
Back to december (Completed)
Fanfictionအချိန်တွေကိုသာနောက်ပြန်ဆုတ်လို့ရရင် သေချာပေါက်မောင့်အနားမှာပဲ ငါရှိနေခဲ့မှာ