"လခွမ်းတဲ့မှပဲ!!"
ကွမ်းတံတွေးကို ပစ်စလက်ခတ်ပင် ထွေးပစ်ကာ ပြောလိုက်သည်။ဖြူဥနေသော မျက်နှာလေးနှင့် နီရဲရဲနှုတ်ခမ်းက ကွမ်းတံတွေးကြောင့် ပိုကာရဲနေ၏။
ဘောလုံးကွင်းသို့ ရောက်ရောက်ချင်း မြင်လိုက်ရတဲ့ ကားတန်းကြောင့် ဒေါသတွေက ငယ်ထိပ်တက်သွားရခြင်းလည်းဖြစ်သည်။အစိုးယျမင်းမောင်ဆိုတဲ့ ခွေးကောင်က ဒီနေ့လည်း သူ့ကိုချုပ်ခြယ်ပြန်လေပြီ။
"ဘယ်မှာလဲ ဟိုခွေးက!!"
သူတို့ ဂိုဏ်းချုပ်ကို ခွေးလို့ပြောတော့မကြိုက်ကြ။မျက်နှာတွေက ပျက်သွားကြသောသူရှိသလို၊ရယ်ချင်တာကို ထိန်းနေသောသူလည်းရှိ၏။
"ဒီမှာပါဗျာ..ကိုယ့်ဘေဘီရှာနေတဲ့ ခွေးက ဒီမှာပါ"
Black suit နှင့် ကားတစ်စီးပေါ်ကနေ ဆင်းလာသော သူက လေသံအေးနှင့် ပြောလေသည်။
အလကားလူဟု စိတ်ထဲမှာ ကျိန်ဆဲလိုက်ရင်း
"စောက်ကောင်!!မင်းဒီလိုလုပ်နေတာ ဘယ်နှစ်ခါရှိနေပြီလဲ...တော်သင့်ပြီ ခွေးကောင်ရဲ့"
သူ့ကို အဆမတန် ဆဲဆိုနေတဲ့ ကောင်ငယ်လေးအား ခပ်ပြုံးပြုံးကြည့်နေလိုက်သည်။ပြောပါစေ...စိတ်ကြိုက်ပြောပါလေစေ့။သူ့လူသားငယ်လေး စိတ်ထဲမှာ ပေါ့ပါးသွားပါစေ။
"ဘောလုံးကို ဒီတစ်လလုံးမကန်သေးနဲ့ဦးလို့ပြောထားတယ်လေ...ဘယ်လိုဖြစ်ပြီး လူကို လာဆဲနေရတာလဲကွ!!"
သူ့ဆံပင်လေးတွေကို ခပ်ဖွဖွ လာသပ်တော့ လက်ကို ရမ်းခါရင်း အနောက်သို့ပြေးဆုတ်လိုက်သည်။
"ဖယ်စမ်းပါ..ခင်ဗျားက သက်သက် လူကို အနိုင်ကျင့်ချင်နေတဲ့သူ!!ဒါမျိုးက ခင်များစကီလေးတွေကိုပဲ သွားလုပ်"
ချာခနဲ လှည့်ထွက်ရင်း ကွမ်းသွေးကို လမ်းမထက်၌ ထွေးခဲ့ပြန်သည်။ဘောလုံးကန်ရင်း တစ်ခါလေး ခြေခေါက်လဲတာကို စောက်ပိုတွေ လာလုပ်နေတယ်။ခွေးကောင်!!
အနောက်ကနေ လက်ကို လှမ်းဆွဲတော့ ရင်ခွင်ကျယ်တစ်ခုထဲသို့ ဘတ်ခနဲ ရင်ခွင်ကျယ်ထဲကိုရောက်သွားသည်။ဒီရင်ခွင်ဟာ မိန်းကလေးပေါင်းများစွာကို ပွေ့ဖက်ခဲ့တဲ့ရင်ခွင် ဟုဦးနှောက်က ချက်ချင်း အသိပေးလေတော့ ရုန်းပစ်သည်။
YOU ARE READING
ZION
Romanceလူသားနှစ်ဦး နှစ်ယောက် က တစ်ယောက်ကိုတစ်ယောက် ချစ်မိတယ်၊မြတ်နိုးမိတယ်...ဒါပါပဲ... အချစ်ဆိုတာ Gender ခွဲခြားဖို့မလိုဘူးလို့ ကိုယ်ထင်တယ်။ အချစ်တစ်ခုဖြစ်ပေါ်ဖို့ လူသားနှစ်ဦးပဲ လိုတာပါ။ မှန်ကန်တဲ့အချစ်စစ်က မည်သူ့ပေါ်မှာမဆို ဖြစ်ပေါ်နိုင်တယ်လေ။ Start Date...