Part -2

568 42 2
                                    

ဟော!!ဟိုမှာမြင်ရခဲတဲ့ မိုးကျရွှေကိုယ်လေး ....နက်ပြာရောင် suit နဲ့ သားနားနေကာ ဘေးကလူကို ဘာတွေပြောနေမှန်းမသိ။ခိုပြာရောင်မျက်မှန်က ခပ်မိုက်မိုက်တပ်ထားသေးသည်။

*ဒီဘဲက တော်တော်တော့ လန်းတာပဲ*ဟု စိတ်ထဲကနေတွေးမိသည်။ဒါသူ အလောင်းအစားနဲ့ လိုက်ရမယ့်လူပဲ။ Gender မခွဲတဲ့ ဒီခေတ်ကြီးမှာ ယောင်္ကျားလေးတစ်ယောက်ကို လိုက်ဖို့မခက်ပေမယ့် သူ့လိုလူကို လိုက်ဖို့ကခက်လိမ့်မည်။

သူရှိရာအဆောက်အုံနားသို့ ခပ်မှန်မှန်ခြေလှမ်းဖြင့်သွားရင်း ထိုလူနားအရောက်

"ဟျောင့်!!ဘယ်နားမှာလဲ...ငါရောက်နေပြီနော်"

လေသံကိုမြှင့်ကာ ‌ဖုန်းပြောဟန်ဆောင်လိုက်သည်။ထို့နောက် သူ့ရှိရာ အနောက်ကို မသိမသာလှည့်၍ ပါးစပ်ထဲက ကွမ်းတံတွေးကို ထွေးပစ်လိုက်သည်။ဟားဟား ဟု စိတ်ထဲကနေ အောင်နိုင်သည့်အသံဖြင့် အော်ရယ်လိုက်၏။ပေသွားပြီ...သူ့ရှူးဖိနပ် တစ်လက်လက်ပေါ်မှာ ပေသွားပြီ။

"Xီး!!!"

ယောင်ယမ်းပြီး အစိုးယျမင်းမောင် ထဆဲသည်။သူ့ရှူးဖိနပ် အနက်ရောင်က ကွမ်းတံတွေးတွေ မြင်မကောင်းအောင် ပေကျံနေသည်။ဒါ ဆဲလ်ဂျိုး က သူ့ကို လက်ဆောင်ပေးထားတာဖြစ်သည်။ဆဲလ်ဂျိုးဆိုတာ သူ့ကောင်မလေး၊သူ့အားသဲသဲလှုပ်အောင်ချစ်သော မိန်းကလေး။ဒီဖိနပ်က ကမ္ဘာပေါ်မှာ တစ်ရံသာရှိသောဖိနပ်။သိန်းပေါင်း‌ေထာင်နဲ့ချီပြီး ပေးရတဲ့ဖိနပ်။

"‌ဟာဗျာ!!ဆောတီး!!ပေကုန်ပြီ"

ကွမ်းတမြုံမြုံနှင့် သူ့ကို ခပ်ပေါ့ပေါ့တောင်းပန်စကားဆိုလာသည်။နှုတ်ခမ်းပါးတို့က ရဲရဲစိုနေသည်ကို သတိထားမိ၏။ပိန်ပိန်ပါးပါးခန္ဓာကိုယ်က သူ့တစ်ချက်ထိုးလိုက်လျှင် လေတွင်လွင့်သွားမည့်ပုံစံ။

"‌ငါXိုးမသား!!ခုမှ ပေကုန်ပြီ လုပ်မနေနဲ့။ငါ့ဖိနပ်ကို ခုချက်ချင်း မင်းပုဆိုးနဲ့ သုတ်ပေး...."

ဟွန်း!!ဒါပဲ ဒီလိုလူမျိုးက ဒီလိုလုပ်ခိုင်းမယ်ဆိုတာ သိပြီးသား။မျက်မှန်ကို ပင့်တင့်လိုက်တော့ ပေါ်လာတဲ့ နက်ပြာရောင် မျက်ဝန်းတွေက ရင်ထဲကိုစူးခနဲ။

ZIONWhere stories live. Discover now