"နယ်စပ်ဘက်က ကားလမ်းပိတ်နေလို့ ဒီဘက်ကို ပစ္စည်းတွေက အချိန်မှီမရောက်လာသေးတာပါဆိုပြီး ဖုန်းဆက်လာပါတယ် ဂိုဏ်းချုပ်"
ဟက်လည်းမဟုတ် ဟွန့်လည်းမဟုတ်သည့် မအနေအထားဖြင့် သူရယ်လိုက်သည်။မှာထားတဲ့ ပစ္စည်းတွေကို မပေးချင်လို့ သက်သက်လူလည်ကျပြီး လုပ်နေတာကို အစိုးယျမင်းမောင်အား စောက်ပေါ ထင်နေကြတဲ့ ထိုဂိုဏ်းကို တစ်ခုခုလုပ်ပေးမှ ဖြစ်တော့မည်။
"အဲ့ဂိုဏ်းတစ်ခုလုံးက ခွေးမသားတွေကို အရှင်ဖမ်းပြီး အဲဒီပိတ်တယ်ဆိုတဲ့ ကားလမ်းပေါ်မှာ ရှင်းလိုက်!!"
အလုပ်ကို အလုပ်လိုမသတ်မှတ်ပဲ ကလိမ်ကကျစ်လုပ်သူတွေကို သူသဘောမကျ။သို့သော် သူဆိုသည့် အစိုးယျမင်းမောင်ကတော့ ခြွင်းချက်ဖြစ်သည်။
"ကားထုတ်!!သတင်းစာရှင်းလင်းပွဲသွားမယ်"
MG Company ၏ Brand အသစ်တစ်ခုအား ကြေငြာရန်ဖြစ်သည်။ထိုပွဲက အရေးကြီး၏။များစွာသော လူထု၏ အာရုံစူးစိုက်မှုကိုခံရသော Brand တစ်ခုဖြစ်သောကြောင့်လည်းပါသည်။ထို Brand က အခြားမဟုတ် Candle လေးတွေပင်ဖြစ်သည်။အနံ့နဲ့ပတ်သက်ပြီး sensitive ဖြစ်သော သူ၏ သည်းငယ်အတွက် ရည်ရွယ်ကာ ထုတ်လုပ်ခြင်းဖြစ်၏။
များစွာသော လူအုပ်ကြီးနှင့်အတူ မီဒီယာတွေ၊လက်ထောက်၊အတွင်းရေးမှူးတွေကြား ထင်းထင်းလက်နေသော ဟိုခွေးကောင်အား ဖန်သားပြင်ထက်မှ တစ်ဆင့်မြင်နေရသည်။နီညိုရောင် suit ကို သူ့အရပ်အမောင်းနှင့် လျော်ညီစွာပင် ဝတ်ဆင်ထားသည်မို့ တိုကပ်သည့် ဆံပင်ကေနှင့်လိုက်ဖက်နေသည်။
ဒါတွေကို သူမတွေ့ချင်သော်ငြား ဒီစောက်ဦးနှောက်က သူ့အလိုလိုတွေးနေခြင်းမို့ဖြစ်၏။ဘာတဲ့....
"ကျုပ်သည်းငယ်အတွက်" ဆိုပဲ..
ဒီလူကြီးအကျင့်ကို သူတစ်ဖြေးဖြေးသိလာသည်။ဒီလူက သူနဲ့ဆိုရင်ကိုယ်ဟု သုံးပြီး တစ်ခြားသူဆိုလျှင် ကျုပ်ဟုအသုံးများသည်။ဒါလည်း စောက်မှတ်ဉာဏ်တွေက သတိထားမိနေတာဖြစ်၏။
စိတ်ရှိလက်ရှိနှင့် ဘေးမှ ကူရှင်တွေကို ပစ်ထုတ်လိုက်သည်။ဒီစံအိမ်ကြီးတွင် တစ်ခန်းက အသံကုန်ခြစ်အော်လျှင် တစ်ဖက်ခန်းက မကြားနိုင်၊ဤမျှအထိကျယ်သည်။ခမ်းနားမှု၊ကြွယ်ဝမှုကို လူတိုင်းကြိုက်သည်။သူလည်းကြိုက်သည်။
YOU ARE READING
ZION
Romanceလူသားနှစ်ဦး နှစ်ယောက် က တစ်ယောက်ကိုတစ်ယောက် ချစ်မိတယ်၊မြတ်နိုးမိတယ်...ဒါပါပဲ... အချစ်ဆိုတာ Gender ခွဲခြားဖို့မလိုဘူးလို့ ကိုယ်ထင်တယ်။ အချစ်တစ်ခုဖြစ်ပေါ်ဖို့ လူသားနှစ်ဦးပဲ လိုတာပါ။ မှန်ကန်တဲ့အချစ်စစ်က မည်သူ့ပေါ်မှာမဆို ဖြစ်ပေါ်နိုင်တယ်လေ။ Start Date...