Ep.3

2.3K 249 23
                                    

Lisa: မနေ့ကအတွက်တောင်းပန်ပါတယ်...ဒီနေ့ပိုကောင်းအောင်ကြိုးစားပေးပါ့မယ်...

LaLice ဆိုသူသည်ထူးထူးဆန်းဆန်းပင်ရိုက်ကွင်းကိုအချိန်မှီရောက်လာခဲ့ပြီး မနေ့ကသူစိတ်လက်မာန်ပါထွက်သွားခဲ့တာတွေအတွက်ဝန်ထမ်းတွေကိုခါးတွေညွန့်ကိုင်းကာတောင်းပန်ခဲ့သည်...

"ဒါရိုက်တာခင်ဗျ..ဒီနေ့ကနည်းနည်းအလုပ်ပိုမယ်ထင်တယ်..."

Lisa: ဘာလို့လည်း..ကျွန်မမနေ့ကပြန်သွားတာမှန်ပင်မယ့်အလုပ်တွေကတော့ပြီးသလောက်ပါဘဲ...

"ဟုတ်ကဲ့..ဒါပေမယ့်ဒီနေ့အတွက် ဥက္ကဋ္ဌကြီးနဲ့မင်းသမီးဟောင်းတယောက်က Company သစ်တခုကိုဆပ်တူဖွင့်ကြတော့မှာလေအဲ့အတွက်စာချုပ်ရေးထိုးတာကို Private ဘဲလုပ်ပြီး ပုံတချို့ကိုဘဲ YG ရဲ့ Official Website တွေကနေတင်ပေးမှာလေ...အဲ့တာ"

Lisa: ကျွန်မကရိုက်ပေးရမယ်လို့ဆိုလိုတာတော့မဟုတ်ဘူးမလား...မ​ဖြစ်နိုင်တာ ဒီ Company မှာကျွန်မတယောက်ထဲဓာတ်ပုံရိုက်တတ်တာမှမဟုတ်တာ...

Lisa ဟာမဖြစ်နိုင်ကြောင်းကိုရယ်သံတဝက်ဖြင့်ပြောနေပင်မယ့်လည်း ဝန်ထမ်းကောင်လေးကတော့မပြုံးမရယ်ဖြင့်သူ့ကိုမျက်တောင်လေးတွေပုပ်ခတ်ခတ်ဖြင့်ကြည့်နေသည်...

"Lisa အဆင်ပြေပါ့ရဲ့လား"

သူ့နားနေခန်းကဆိုဖာပေါ်တွင်စိတ်ပျက်လက်ပျက်ထိုင်နေသော Lisa ရဲ့အနားကိုသွားကာမေး
ကြည့်လိုက်တော့...

Lisa: ချမ်းသာရင်စောစောထရမယ်လို့ဘယ်သူကပြောထားခဲ့တာလည်း...စောစောထတဲ့သူတွေကအစောကြီးကတည်းကပင်ပန်းနေတတ်တာမသိကြဘူးလား...

YG ဥက္ကဋ္ဌ စာချုပ်လက်မှတ်ထိုးတာကိုသူကပုံတွေရိုက်ပေးရမယ်ဆိုလို့ Lisa သည်စိတ်ပျက်လက်ပျက်ပင်ထိုင်နေခဲ့သည်....

YG ဥက္ကဋ္ဌ နဲ့ Lisa ဟာတကြိမ်မှမတွေ့ဆုံးဖူးခဲ့တာကြောင့်သူဟာ L&C ရဲ့အနာဂတ်ဆက်ခံသူဆိုတာကိုမသိလောက်ပင်မယ့်လည်းမတွေ့ချင်ပါ...ထိုလူကြီးကဘယ်လောက်တောင်မွန်းကြပ်စရာကောင်းတယ်ဆိုတာသူ့သမီးကိုကြည့်တာနဲ့တင်သိသည်....

ခေါင်းကိုငုံ့ချထားကာနဖူးကိုလက်ချောင်းတွေနဲ့တတောက်တောက်ခေါက်နေသော Lisa ကိုကြည့်ကာ Jay ရယ်ချင်လာသည်...

first £ove Where stories live. Discover now