Ep.20

2.1K 237 75
                                    

တံခါးဖွင့်သံကြားလိုက်ရတာကြောင့် Jennie သည် Minho ကိုတွန်းထုပ်ရင်းလှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်...Minho ကလုံးဝဖယ်မပေးပါ..ဆိုင်ဝန်ထမ်းတယောက်ယောက်ကတခုခုလာပို့တာဘဲဖြစ်ပါလိမ့်မယ်လို့သူလွယ်လွယ်တွေးပြီးဆိုးရွားစွာဆက်ပြုမူသည်...

တံခါးဝကို Minho ပုခုံးတွေကိုကျော်ပြီးကြည့်လိုက်တော့မျက်နှာချင်းဆိုင်တံခါးဝမှာရပ်နေသောသူနဲ့အကြည့်ချင်းဆုံးမိလိုက်သည်နှင့် Jennie မျက်နှာဟာကြက်သေသေသွားသည်....

Chaeyoung တို့ကအစပိုင်းမှာမပါဘဲ Jennie ခေါင်းငြိမ့်တဲ့အခါကျမှအကုန်ဝင်လာကြမှာဖြစ်သည်...Lisa လက်ထဲကပန်းစည်းပြုတ်ကျတာကိုမြင်သည့်အခါမျက်နှာပျက်သွားကြပြီးချက်ချင်းပြေးလာခဲ့ကြသည်...

Chae: Li ဘာဖြစ်တာ......

စကားကိုဆုံးအောင်မပြောနိုင်ခဲ့ပါ...သူအကြိမ်ကြိမ်သတိပေးခဲ့ပါသည်...အခန်းထဲကိုလှမ်းကြည့်မိသည့်အခါမယုံကြည်နိုင်စရာကောင်းလောက်အောင်ဆိုးဆိုးဝါးဝါးမြင်ကွင်းတခုသည်ကြိုဆိုနေခဲ့ပြီးတပြိုင်နက်ထဲ သွားပြီဟုတွေးခဲ့ကြသည်...Momo သည်သူ့ရဲ့​ဒေါက်ဖိနပ်ဟာသိပ်မမြင့်ပင်မယ့်ယိုင်လဲကျမသွားအောင်မနည်းကိုပြန်ထိန်းယူခဲ့ရသည်...

Lisa သည်လွယ်လာသောဂီတာကိုကြမ်းတမ်းစွာပစ်ချပြီးအခန်းမီးကိုပြေးဖွင့်လိုက်သည်..လင်းထင်းသွားတော့ပိုနာရတာပေါ့...

Romantic ဆန်ဆန်လေးဖြင့် Jennie ဟာထိုကောင်လေးရဲ့ရင်ခွင်ထဲမြုပ်နေသည်...မီးတွေထိန်လင်းသွားတာတောင် Jennie လည်ပင်းတွေပေါ်ကနေဖယ်ခွာမသွားတဲ့နခမ်းတွေသည်ဘယ်လောက်တောင်စည်းလွတ်ဝါးလွတ်အ​​ခြေအနေလည်းဆိုတာကိုလက်ညိုးထိုးပြနေသလိုပင်...

"ဘယ်ကောင်ဖွင့်တာလည်း"

Minho သည်အခြေအနေတွေကောင်းနေတဲ့အချိန်မှာတခန်းလုံးမီးတွေထိန်လင်းသွားတဲ့အပေါ်မကျေမနပ်ဖြစ်ကာနောက်လှည့်ကြည့်ပြီးအော်လိုက်သည့်အချိန် နီရဲနေသောမျက်လုံးတွေနဲ့သူ့ကိုစိုက်ကြည့်နေတဲ့သူ...

ဝုန်းးး

ဆိုဖာပေါ်ကလူဆီမြန်မြန်ဆန်ဆန်လျှောက်သွားကာစားပွဲတွေကြားတွန်းထုပ်လိုက်သည့်အခါ Minho သည်တော်တော်နဲ့ပြန်မထနိုင်ခဲ့...နောက်ထပ်ဘာမှမလုပ်နိုင်သောသူကိုနောက်လှည့်ကြည့်လိုက်တော့ဆိုဖာထဲနစ်ဝင်သွားတော့မတတ်တိုးဝင်နေကာသူ့ကိုကြောကမလို့အသားတွေတောင်တုန်နေတာတွေ့ရသည်..

first £ove Dove le storie prendono vita. Scoprilo ora