ပိုးစုန်းကြူး #part-3

1 0 0
                                    

ပိုးစုန်းကြူး
------------
အပိုင်း-၃

"မင်းကလေ ကလေးတန်မဲ့ စကားကြီးစကားကျယ်တွေ သိပ်ပြောတာပဲ"

ကလေးမ၏ပါးကို ဆွဲလိမ်ပြီး ကလေးတစ်ယောက်သဖွယ် ပြုမူဆက်ဆံလိုက်သည်။ထိုအပြုအမူကို အံကြိတ်ခဲပြီး မင်းမူကို ရန်မူနေပြန်သည်။အသားများတဆတ်ဆတ်တုန်သည်အထိ ဒေါသဖြစ်နေသော ကလေးမကို အနီးကပ်မြင်နေရသည်မှာ ပိုကြည့်ကောင်းနေသည်။

"ခင်ဗျားကို ကြူးကြောင့် ဒုက္ခရောက်ကို ရောက်စေရမယ်"

ရုတ်တရက်လဲကျသွားသည့် ကလေးမကို မြင်လိုက်ရချိန် ကိုယ့်ကိုယ်ကိုယ် မှားမှန်းသိလိုက်သည်။သူ့အပေါ် ကြင်နာပါလျှက် ဤမျှ မရက်စက်သင့်ပေ။ သူ့မှာ စိတ်ဒဏ်ရာများစွာဖြင့် လဲပြိုနေရချိန် မဖေးမဘဲ ပို၍သာ နာကြင်နေစေမိသည်။လဲကျသွားသည့် ကလေးမကို ကြမ်းပြင်အထိ မကျစေဘဲ ဒူးထောက်ပြီး အမြန်ပွေ့ကာ ဖမ်းယူထားလိုက်သည်။

"ကလေးမ... ကလေး....ကြူးလေး"

"လာကြပါအုံး...ကြူးလေး ခေါ်မရတော့လို့"

စုပြုံရောက်လာကြသည့် လူများမှာ ဆရာဝန်လှမ်းခေါ်သူကခေါ်၊ ကြူးကို အိပ်ရာပေါ်တင်သူကတင်နေပေမဲ့ မင်းမူမှာ ကြမ်းပြင်မှ မထသေးဘဲ ထိုင်နေမိသည်။ပြီးမှ ကလေးမ၏အနားကို အမြန်ပြေးသွားကာ သတိပြန်ရစေရန် ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုလိုက်သည်။

"သတိပြန်ရလာပြီ"

"ကြူးလေး...စိတ်အေးအေးထားနော်"

နားထဲတွင်ကြားနေရသော အားပေးစကားသည် ကြူး အမုန်းဆုံးသူ၏အသံဖြစ်သည်။ရက်စက်လွန်းသော ဦးမင်းမူက စိုးရိမ်တကြီးပြောနေသံသည် အိပ်မက်သာ ဖြစ်ပေလိမ့်မည်။

"စိတ်ကြီးတဲ့သူမို့ ရှော့ဖြစ်သွားတာပါ။ခဏ ခဏဖြစ်ရင်တော့မကောင်းဘူးပေါ့။ ဆေးထိုးပေးထားတယ်။ သူကိုအနားယူခိုင်းလိုက်ပါ"

မင်းမူမှာ မတ်တပ်ရပ်လျှက် ဆရာဝန်​ပြောပြသည်ကို နားထောင်ရင်း ငြိမ်သက်နေမိသည်။ ကလေးမကို ဆုံးရှုံးရမည်ကို စိုးရိမ်သည့်စိတ်သည် ဘဝတွင် နှစ်ခါသာ ဖြစ်ဖူးသော ခံစားချက်ဖြစ်သည်။ မာမီကို ဆုံးရှုံးရမည်ကို စိုးရိမ်ဖူးသည်။ဆရာဝန် ပြန်သွားပြီးနောက် အခန်းထဲတွင်ရှိသမျှ လူများကို ခက်ဟန်ပြကာ အပြင်ထွက်ခိုင်းလိုက်သည်။

ပိုးစုန်းကြူးWhere stories live. Discover now