ပိုးစုန်းကြူး #part-2

0 0 0
                                    

ပိုးစုန်းကြူး
-------------
အပိုင်း - ၂

"အေးဟုတ်သားပဲ။ မင်းလည်းအလုပ်သမားပဲ။အလုပ်သမားဆောင်မှာပဲနေပေါ့"

ကလေးမ၏ မျက်နှာနားတွင် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး သူ့ပုခုံးကို ဆောင့်တိုက်လိုက်သည်။အမှန်ဆိုလျှင် ကလေးမ၏ပုခုံးများကို ကိုင်ကာလှုပ်ခါရမ်းပစ်ချင်စိတ် မနည်းထိန်းထားရသည်။အခန်းထဲရောက်ချိန်တွင် ဒေါသများကို ပစ္စည်းများအပေါ် ပေါက်ကွဲလိုက်သည်။ရှိသမျှပစ္စည်းများကို ဆွဲရမ်းပစ်လိုက်ပြီး နံရံဆီ လက်သီးဖြင့်ထိုးလိုက်သည်။

"သား...ဘာဖြစ်နေတာလဲ"

"ကလေးမကို ခေါ်ခဲ့ပေးပါ...ဆေးသေတ္တာရော ယူလာခိုင်းလိုက်ပါ"

သိပ်မကြာခင် ကလေးမ ရောက်၍ လာသည်။မင်းမူကို အပြုံးလေးတစ်ပွင့်တောင် ပေးမသနားသည့် မာနမင်းသမီးပင်။

"ဘာလုပ်ပေးရမှာလဲ"

"ဒီမှာ မမြင်ဘူးလား။ဆေးထည့်ပေးလေ"

လက်ဆစ်များတွင် သွေးထွက်နေသည့် ပေါက်ပြဲဒဏ်ရာ တချို့ကိုတွေ့ရသည်။ ဦးမင်းမူကို မြင်လေ ကလဲ့စားချေချင်စိတ် ပြင်းထန်လေမို့ ဒဏ်ရာပေါ် အရက်ပျံနှင့်ဂွမ်းစကို ဖိသုတ်ပေးလိုက်သည်။

"ဟ...လူသတ်နေတာလား ကလေးမ။ဖြည်းဖြည်းသက်သာလုပ်လေ"

"ဖြည်းဖြည်းသက်သာဆို မလုပ်တတ်ဘူး။ တခြားလူခိုင်းလိုက်"

ထထွက်သွားရန် ပြင်နေသည့် ကလေးမ၏လက်ကို ခပ်​ကြမ်းကြမ်း လှမ်းဆွဲလိုက်ရင်း ပြန်ထိုင်စေလိုက်သည်။အိပ်ရာပေါ်ထိုင်နေသည့် မင်းမူသည် ကြမ်းပြင်တွင် ဒူးထောက်လျှက် ထိုင်နေသည့် ကလေးမ၏ လက်နှစ်ဖက်စလုံးကို လက်တစ်ဖက်ဖြင့် ထိန်းချုပ်ထားလိုက်သည်။ပြီးလျှင် မျက်လုံးချင်းဆုံကြည့်လိုက်ပြီး အမိန့်ဆန်ဆန် စကားဆိုလိုက်သည်။

"ဒီအိမ်မှာ ငါ့ဝေယျာဝစ္စကလွဲပြီး ကျန်တာဘာမှမလုပ်ရဘူး။ ငါခေါ်တဲ့အချိန်ဆို ညသန်းခေါင်ဖြစ်နေပါစေ ငါဆီလာရမယ် ကြားလား။မလုပ်တတ်တာ၊လုပ်တတ်တာ မပြောနဲ့ လုပ်ကိုလုပ်ရမယ်"

ပိုးစုန်းကြူးWhere stories live. Discover now