ပိုးစုန်းကြူး #part-4

0 0 0
                                    

ပိုးစုန်းကြူး
--------------

အပိုင်း-၄

နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးချို့ကြောင့် နှစ်ယောက်စလုံး၏ မာနစီးချင်းသည် ရပ်တန့်သွားခဲ့သည်။

"လူယုတ်မာကြီး..."

"မင်းက အရင်ငါ့အသားနာအောင်လုပ်တာလေ။ကြည့်အုံး တစ်ကိုယ်လုံးဒဏ်ရာတွေချည်းပဲ"

"ခင်ဗျားကရော ဘာဆိုင်လို့ လာနမ်းရတာလဲ။နမ်းမယ့်အစား သတ်လိုက်ပါ့လား။အဲတာကမှတော်အုံးမယ်။ ခင်ဗျားလိုလူရဲ့ လူမဆန်တဲ့အနမ်းကိုတော့ ရွံတယ်"

နှုတ်ခမ်းထောင့်မှ သွေးတို့နှင့်အတူ မျက်ရည်များကိုပါ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။

"အောင်မာ...မင်းကို ချစ်လွန်းလို့နမ်းတယ်မထင်နဲ့...။ဒါနဲ့မှ ငါအနိုင်ရမယ်ထင်လို့ နမ်းတာ မှတ်ထား...ငါကို အနိုင်ရမယ်လို့ စိတ်ကူးယဥ်မနေနဲ့။"

ကြူးကို အနိုင်ပိုင်းသွားသည် သူကိုမုန်းသည်။ယောကျ်ားတန်မဲ့ မိန်းကလေးတစ်ယောက်အပေါ် အငြိုးကြီးကြီး ပြန်လည်တုန့်ပြန်တတ်သည့် ဦးမင်းမူ၏ အကျင့်သည် ကြက်သီးထလောက်အောင် ကြောက်စရာကောင်းပေသည်။ကြူးအတွက် တရားမျှတမှုဆိုသည် အလှမ်းဝေးလှသည်။ဖခင်ဆီမှမေတ္တာရရန် မျှော်လင့်ဖူးပေမဲ့ မျှတမှုမရခဲ့ပေ။ ခုလည်း လူတစ်ယောက်၏ ညဥ်းဆဲမှုကို ခံနေရပြန်သည်။

"မေမေရေ.... မေမေတူတဲ့ ပျော့ညံ့တဲ့သမီးမဖြစ်ချင်ဘူး။"

ပစ်ချခံထားရ၍ နာကျင်နေသည့် ခန္ဓာကိုယ်နှင့် နာကြင်နေသည့် နှုတ်ခမ်းကို ဆေးမလိမ်းဘဲ ထားမည်။ ဒါမှ ပြန်အမှတ်ရနေမည်။ကြူး နာကျင်သကဲ့သို့ သူလည်း နာကျင်စေရမည်။ဦးမင်းမူအပေါ်တွင် ထားရှိသည့်အငြိုးသည် ကြီးထွားလာရန်သာ ရှိတော့သည်။

အင်္ကျီ ချွတ်သည်ကိုပင် နာကျင်နေသည့် လက်သည်းရာများသည် မနည်းလှပေ။ပိုးစုန်းကြူးဆိုသော ကလေးမ၏မာနသည် ဇောင်းထက်လွန်းသည်။အဖြူရောင်အင်္ကျီ၏ အရှေ့နှင့်အနောက်နေရာတော်တော်များများတွင် သွေးကွက်များ စွန်းထင်းနေသည်။မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် လည်ပြန် ကြည့်မိတော့ ကျောပြင်ကဒဏ်ရာများသည် ပိုပြင်းထန်သည်။

ပိုးစုန်းကြူးWhere stories live. Discover now