Unicode
⚘မင်းသာ သခင့်ရဲ့မူပိုင်⚘
Season 2
အပိုင်း ၉
🖤 🖤 🖤 မုဒြာရေချိုးခန်းဝင်မျက်နှာသစ်ကိုယ်လက်သန့်စင်၍ သူမအဝတ်စားတွေထည့်ထားသည့်ဗီရိုထဲမှ လည်ပင်းလုံသည့်အပြာရောင်စပေါ့ပြောက်လက်ဖောင်းချည်သားဂါဝန်ရှည်လေးကိုယူကာဝတ်ဆင်လိုက်ပြီး ဆံပင်ရှည်တွေကိုရှင်းလင်းစုစည်းလိုက်သည်၊
ပြီး သူမပုံစံကြည့်ကောင်းရဲ့လားမှန်ထဲကြည့်ကာ ပကတိပြောင်ဝင်းနေတဲ့မျက်နှာကိုတော့ဘာမှလိမ်းမနေတော့ဘဲ သူမခန္ဓာကိုယ်နာကျင်နေမူကိုလျစ်လျူရှုပြီး အခန်းတံခါးဆီအသာလျှောက်လာတော့သည်၊
ဂျလောက်
အခန်းတံခါးဖွင့်အပြင်ထွက်လိုက်သည်နှင့် ကျယ်ပြန့်တဲ့အပေါ်ထပ်ဧည့်ခန်းကိုဝေ့ကြည့်လိုက်တော့ တစ်ယောက်ထိုင်ဆိုဖာခုံကြီးပေါ်မှာခြေချိတ်ထိုင်၍ဆေးလိပ်သောက်နေသည့်သခင့်ကိုတွေ့လိုက်ရသည်၊
မုဒြာ သူ့အနားလျှောက်သွားတော့ ဆေးလိပ်မီးခိုးငွေ့တွေကြားကနေ သခင်ခပ်စူးစူးကြည့်နေလေသည်၊
'သခင်'
မုဒြာတိုးဖွဖွခေါ်လိုက်သည်ကိုသခင်ကြားပေမယ့်မထူးပါ၊သူမပုံစံလေးဟာ အင်မတန်ရိုးရှင်းနေပေမယ့် သူမဟာဘယ်လိုနေနေလှနေမြဲပါပဲ၊
မုဒြာ သူ့ရှေ့မှာရပ်နေသည့်သူမကိုအရေးမလုပ်ဘဲ ဘာကောင်းကျိုးမှမရှိတဲ့ဆေးလိပ်ကိုသာတရှိုက်မတ်မတ်သောက်နေသည့်သူ့ကိုကြည့်ပြီး စိုးရိမ်မိသည်ကြောင့်၊
'သခင် ရှင်ဆေးလိပ်တွေအရမ်းမသောက်နဲ့'
မုဒြာပြောလိုက်တော့ ဆတ်ကနဲမော့ကြည့်လာကာစက္ကန့်ပိုင်းမျှအကြာ ဆေးလိပ်ကိုတစ်ချက်ကြည့်ပြီး ရှေ့စားပွဲပေါ်ကပြာခွက်ထဲထိုးချေလိုက်သည်၊
ပြီး ထိုင်ရာမှထရပ်လိုက်ကာ ရှေ့တိုးလာတော့ မုဒြာနောက်သို့ခြေနှစ်လှမ်းမျှဆုတ်လိုက်သည်၊'အဟွန်း'
'အမေ့ အင့်'
သခင် နောက်ဆုတ်သွားတဲ့ခန္ဓာကိုယ်လေးကိုပုခုံးကနေဆွဲယူကာ ရင်ခွင်ထဲထွေးဖက်လိုက်ပြီး သူ့ရင်ဘတ်မှာကပ်ဝင်နေတဲ့သူမမျက်နှာလေးကိုမေးဖျားကနေပင့်မော့ကာနှုတ်ခမ်းလွှာလေးကိုစုပ်ယူပစ်လိုက်သည်၊
ВЫ ЧИТАЕТЕ
🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)
Любовные романы'ငါ့ကိုလှည့်စားခဲ့တာအတွက် မင်းပြန်ပေးဆပ်ရမယ်ပန်းမုဒြာ တစ်နေ့ငါပြန်လာတဲ့အခါ ငါချစ်တဲ့မိန်းမယုတ်ကိုလဲကျိန်းသေအပြစ်ပေးမယ် ငါ့နှလုံးသားနဲ့ရေးတာကိုခြေနဲ့ဖျက်တဲ့မိန်းမ ဟန်ဆောင်လိမ်ညာမူတွေနဲ့အရူးကွက်နင်းတဲ့မင်းတို့ညီမနှစ်ယောက် ငါဘယ်တော့မှခွင့်လွှတ်မပေးဘူး'...