Unicode
🌿🌷 မျက်စိတဆုံး ကျယ်ဝန်းလှတဲ့ရေပြင်ကြီးကိုငေးကြည့်ပြီး စကားတွေဖောင်ဖွဲ့နေကြသည့်မိန်းကလေးများ၊
လျှော်ဖွတ်စရာအဝတ်တွေကိုဘေးချပုံထားပြီး အဝတ်လျှော်ဇလုံကြီးထဲဆပ်ပြာမှုန့်တွေဖောက်ထည့်ကာ ရေဖျော်နေကြသည့်မိန်းကလေးများ၊
လျှော်ဖွတ်ရမည့်အဝတ်စားများကိုအရောင်အလိုက်သီးသန့်ခွဲကာ ကိုယ်စီတာဝန်ချနေကြသည့်မိန်းကလေးများ စသဖြင့် ထိုရေပြင်ကျယ်ကြီးအနီးကမြက်ခင်းပြင်ပေါ်ကိုယ်စီအလုပ်များနေကြလေသည်၊'ရီရီ ဇင်မာ နင်တို့လိုသလောက်ဆပ်ပြာမှုန့်ရေဖျော်ပြီးရင်ကျန်တာသိမ်းလိုက်နော် အဲဆပ်ပြာမှုန့်တွေကစျေးကြီးတယ် ပစ်စလက်ခတ်မလုပ်နဲ့ ခေါင်းဆောင်သိရင်အပြစ်ပေးခံရမယ်'
'အင်းပါလုံးလုံးရယ် ဟေ့အမျိုးသမီးလေးတွေလေပေါနေတာတော်သင့်ပြီ လုပ်ငန်းစမယ်ဟေ့ ဒီနေ့လျှော်စရာတွေများတယ်'
'ဟုတ်ရီရီ'
အလုပ်သမားမိန်းကလေးတွေ ကိုယ်စီနေရာယူလိုက်ကြကာ လျှော်ဖွတ်ဖို့လုပ်ငန်းစလေတော့သည်၊
'ဒါနဲ့ချင်းလေး ဟို နင် ပန်းမုဒြာကိုသွားကူပေးလိုက်ပါလား ခုနကငါချောင်းကြည့်လာတာ ဒီနေ့သူလဲလျှော်စရာတွေများတယ်ဟ တစ်ယောက်တည်းသနားပါတယ်'
'မ မကူရဲပါဘူးမမလုံးလုံးရယ် ခေါင်းဆောင်သိရင်သေလိမ့်မယ် ပြီးတော့သူလျှော်ရတဲ့အဝတ်စားတွေကိုသူကလွဲရင်တခြားသူထိကိုင်ခွင့်မှမရှိဘဲလေ သူဒီကိုစရောက်လာတည်းက တစ်ယောက်တည်းသီးခြားထားထားတာ ဘယ်သူသွားပက်သက်ရဲလို့လဲ'
'ဟူး သူဒီကိုရောက်လာတာနှစ်နှစ်နီးပါးရှိနေပြီနော် သူ့အကြောင်းလဲဘာမှမသိရဘူး စကားတောင်တစ်လုံးမပြောဖူးဘူး တို့ပြောလဲသူကပြုံးပြနေတာပဲ လူကလဲလှလိုက်တာမှနတ်သမီးလေးကျနေတာ'
'ဟုတ်ပါ့ ဘာအကြောင်းတွေကြောင့်များသူဒီကိုရောက်လာတာလဲမသိဘူးနော် သွားလဲမစပ်စုရဲဘူး ဟိုဘက်အဆောင်နားကအိမ်မဲကြီးမှာသူတစ်ယောက်တည်းနေရတာလဲတွေးကြည့်ကြောက်စရာကြီး'
VOCÊ ESTÁ LENDO
🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)
Romance'ငါ့ကိုလှည့်စားခဲ့တာအတွက် မင်းပြန်ပေးဆပ်ရမယ်ပန်းမုဒြာ တစ်နေ့ငါပြန်လာတဲ့အခါ ငါချစ်တဲ့မိန်းမယုတ်ကိုလဲကျိန်းသေအပြစ်ပေးမယ် ငါ့နှလုံးသားနဲ့ရေးတာကိုခြေနဲ့ဖျက်တဲ့မိန်းမ ဟန်ဆောင်လိမ်ညာမူတွေနဲ့အရူးကွက်နင်းတဲ့မင်းတို့ညီမနှစ်ယောက် ငါဘယ်တော့မှခွင့်လွှတ်မပေးဘူး'...