🚨14(uni&zawgyi)🚨

35.2K 412 26
                                    

Unicode

🌳အပိုင်း ၁၄🌳

🌹🌹🌹 မနက်ခင်းတစ်ခုအရောက်မှာတော့၊

"ဟင်း"

မုဒြာမျက်လုံးတွေမဖွင့်သေးပါဘဲ ကိုယ်လေးလှုပ်ရွကာ အပျင်းကြောဆန့်မလို့လုပ်စဉ် တစ်ခုခုကချုပ်နှောင်ထားသည်နှယ့် သူမရုန်းကြည့်တော့လဲမရသည်မို့ အိပ်ချင်မူးတူးဖြင့်၊

"ဘာလဲ အင့်"

သခင် အစောကြီးတည်းကနိုးနေပြီးသားပေမယ့် သူ့ရင်ခွင်ထဲကကြောင်မလေးကိုထွေး‌ဖက်ထားရာက မလွတ်ချင်သည်မို့ သူ မထသေးတာပါ၊မျက်လုံးမဖွင့်ဘဲ ခေါင်းကုပ်ပါးကုပ်လုပ်ပြီး ကိုယ်လေးတွန့်ရုန်းနေပုံလေးက အသဲယားစရာကောင်းလွန်းလှသည်မို့ သူပို၍တင်းကျပ်စွာဖက်လိုက်လေသည်၊

"ကျစ် အင့် ဟင်း"

မုဒြာ အသက်ရှုကြပ်မတတ်ဖြစ်လာရသည်မို့ သူမမျက်လုံးတွေဖြည်းညှင်းစွာဖွင့်လိုက်လေတော့သည်၊

"နိုးပြီလားမိန်းမ"

မုဒြာ နားနားလေးကပ်ကာပြောလိုက်သည်မို့ သူမကြက်သီးမွှေးညှင်းတွေထသွားရကာ ခေါင်း‌လေးနောက်သို့စောင်းငဲ့ကြည့်လိုက်တော့ သူမကိုရီဝေဝေမျက်လုံးများဖြင့် ပြုံးကြည့်နေပါသည့်နေမင်းသခင်၊
မုဒြာခုမှမျက်လုံးအစုံပြူးကျယ်ရင်း ညကအဖြစ်တွေကိုသတိရလာကာ ပါးနှစ်ဖက် နီတွတ်လာလေသည်၊

"အဟွန်း မျက်နှာလေးကရုတ်တရက်ပန်းသီးလေးဖြစ်လာပါလား ကိုယ်ကိုက်စားလိုက်ရမလားမုဒြာ ဟင်"

"သခင်"

"အင်း "

"ဟို ဟို"

"ပြောလေမုဒြာ"

"မု မုဒြာ အသက်ရှုကြပ်လို့ လွှတ်ပေးပါ"

"အသက်ရှုကြပ်လို့လား အင်း ကိုယ်လုပ်ပေးမယ်လေ"

"ဘာ ဘာရယ်"

"အော် မင်းအသက်ရှုလို့ရအောင်လုပ်ပေးမယ်လို့"

သူ့လက်မတစ်ဖက်က မုဒြာနှုတ်ခမ်းသားလေးပေါ် ဖိပွတ်ရင်းပြောလေတော့ မုဒြာသူဘာလုပ်မလဲသိသည်မို့၊

"မ မလိုဘူးရတယ် မုဒြာထမလို့လက်တွေဖယ်ပေးပါ"

"မဖယ်ပေးနိူင်ဘူး ဘာလို့ထမှာလဲအစောကြီး ရှိသေးတယ် တစ်ရေးလောက်အိပ်ပါဦး"

🚨မင်းသာ သခင့်ရဲ့မူပိုင်(သခင့်ထံ၌ခစားသော)🚨(OC)Donde viven las historias. Descúbrelo ahora