-Unicode-
အုံ့မှိုင်းနေသော ကောင်းကင်ကြီးအောက်တွင် သည်းထန်စွာဖြင့် ရွာသွန်းနေသော မိုးနှင့်အပြိုင် အရှိန်ကို အမြန်တင်ကာ မောင်းနှင်လာသော ကားတစ်စီးလည်းရှိသည်...
" မမ အခု ဘယ်ဆေးရုံမှာလဲ ? "
"ငါတို့ xxx ဆေးရုံမှာ အပြင်မှာ မိုးတွေ အရမ်းရွာနေတာ ကားကိုဖြေးဖြေးမောင်းလာခဲ့ ကလေးလည်း သက်သာနေပြီ"
ထိုမှ သာ ဂျယ်ယွန်းလည်း စိတ်ပူနေတာတွေကို လျော့ချနိုင်ပြီး ကားရဲ့ အရှိန်ကိုလည်း နည်းနည်း လျော့လိုက်မိသည်
ဆေးရုံရောက်သောအခါ ကောင်တာ မှာ အခန်းနံပါတ်ကိုမေးပြီး အခန်းရှိရာကို အမြန်သွားလိုက်သည်
ထို့နောက် စိုးရိမ်တကြီးနဲ့ အခန်းတံခါးကို ဆွဲ အဖွင့် အထဲမှာလည်း အခန်းတံခါးကို ဖွင့်လိုက်တာနဲ့ တိုးတော့ လူက အရှိန်မထိန်းနိုင်ဘဲ အရှေ့က ရှိတဲ့ လူတဲ့ ရင်ခွင်ကို ခေါင်းနဲ့ ဝင်စောင့်မိတော့သည် ။
"အာ့"
ဘယ်သူလဲဟု သေချာ ကြည့်လိုက်သောအခါ ဂျူတီကုတ်အဖြူ ဝတ်ထားတဲ့ အရမ်း ချောတဲ့ မျက်နှာလေးကို တွေ့လိုက်ရသည် ~ မိုးတိတ် သွားပြီး ကောင်းကင်က လည်းနေရောင်ပြန်ထွက်တဲ့အချိန်မို့ ပြတင်းပေါက်က နေရောင်က ကျရောက်နေသဖြင့် ရုပ်ရှင်တွေထဲမှာလို အနောက်ကလည်း ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေသည် ...
ထိုစဉ် ဂျယ်ယွန်း နှုတ်ကနေ ရုတ်တရက် ထွက်သွားသည့်စကားက ~
"ကြည့်ကောင်းလိုက်တာ"
"ဗျာ"
ထို့နောက်အခန်းထဲမှ လူနာစောင့်နေသော အမမှ
"ဟဲ့ ဒေါက်တာ့ကို အမြန်တောင်းပန်လိုက်လေ ဂျယ်ယွန်း" ဟုပြောခါမှ ဂျယ်ယွန်းလည်း ကြောင်နေရာကနေ အသိဝင်ပြီး
"ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော့တူမလေး
အူအတက်ပေါက်လို့ ဆေးရုံတက်ပြီး ခွဲစိတ်လိုက်ရတယ်ဆိုတဲ့ သတင်းကိုကြားတော့ စိုးရိမ်ပြီး လောသွားလို့ပါ""အာ ရပါတယ်" ဟု ပြောရင်း အချိုသာဆုံး အပြုံးတွေကိုဖောဖောသီသီ ပြုံးပြနေတဲ့ ဒေါက်တာ
YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐛𝐞𝐚𝐭// 𝐇𝐞𝐞𝐣𝐚𝐤𝐞
Фанфик"နောက်ထပ် လူနာကတော့ ရှင်းဂျယ်ယွန်းပါ" "ရှင်းဂျယ်ယွန်း ထပ်ပြီး အဲ့ကောင်လေးပဲလား ~ ဒီတစ်ခါရော ဘာရောဂါဖြစ်ပြန်ပြီလဲမသိ" ""နှလုံးရောဂါထင်ပါရဲ့ ဒေါက်တာကိုကို ကိုမြင်တိုင်း ကျွန်တော်ရဲ့ နှလုံးသားလေးက မူမမှန်တော့ပဲ အခုန်မြန်နေလို့လေ မယုံရင် နားကြပ်နဲ့ နားထ...