-Unicode-
"လူနာက ဘာဖြစ်တာလည်းမသိဘူး ...ဟမ် ဂျယ် ..ဂျယ်ယွန်းရှီး"
"ဟီး ဒေါက်တာ ပြောတဲ့အတိုင်း ကလေးတစ်ယောက် ကျွန်တော် ခေါ်လာခဲ့တယ်နော်"
"ကဲ ပြောပါအုန်း ကလေးက ဘာဖြစ်တာလဲ ?.. နေမကောင်းတဲ့ ပုံလည်းမပေါ်ပါဘူး"
ထိုသို့ပြောလိုက်တော့ ဂျယ်ယွန်းမှ ထိုခေါ်လာတဲ့ ကလေးရဲ့ ခါးကို လက်ဖြင့် မသိမသာတို့လိုက်ရင်း
"ကျွန်တော်တို့ ဘေးအိမ်က ကလေးလေးပါ .. ကစားရင်းနဲ့ ချော်လဲတာ အဲ့တာ ခြေထောက်နာနေတယ်ဆိုလို့ ခေါ်လာတာ ဘာဖြစ်သွားလဲမသိလို့ ဟုတ်တယ်မလား ချောလ်ဆူရား"
ထိုအခါ ထို ချောလ်ဆူဆိုသော ကိုရီးယားနာမည် ဂျပန်ရုပ်နဲ့ ကောင်လေးမှ
"ဟုတ်ပါတယ် အား...ခြေထောက်ကလေ တော်တော်နာနေတာ"
"ဒီနားကနာတာလား ..?" ဟီဆွန်းမေးလိုက်တော့
"အင်း အရမ်းနာနေတာ" သေချာတောင် ခြေထောက်ကို မကိုင်ကြည့်ရသေးဘူး အတင်းနာပြနေသော ကောင်လေးနဲ့ လူလည် ပတ်ကား လာလုပ်နေသော ရှင်းဂျယ်ယွန်းကို ပညာပြရမည်ဟု သူတွေးလိုက်သည်
"ကြည့်ရတာ အဲ့လောက်နာနေရင်တော့ ခြေထောက်က ကျိုးသွားတာထင်တယ် ...ပြီးတော့ အထဲက အရိုးတွေဘာတွေကျေသွားလားမသိနိုင်လို့ ဓာတ်မှန်ရိုက်ပြီး လိုအပ်ရင် တစ်ခါထဲ ခွဲစိတ်ခန်းထဲ ဝင်ကြတာပေါ့"
ဟီဆွန်းထိုသို့လဲ ပြောလိုက်ရော တအားနာနေပါတယ် ကောင်လေးမှ ပြာပြာသလဲလဲနှင့်"ကျွန်တော်မနာတော့ဘူး ကောင်းသွားပြီ ဒီမှာကြည့် မတ်တပ်တောင် ရပ်နိုင်တယ်"
"ချောလ်ဆူးရားးးးးး" ထိုင်နေဖို့ မျက်နှာရိပ် မျက်နှာကဲပြရင်းအသည်းအသန်ထအော်တဲ့ ဂျယ်ယွန်း
"အိုး ကောင်းတာမြန်လိုက်တာနော်...ကိုယ်ဆေးကုပေးဆရာတောင်မလိုတော့ဘူးပဲ..ကဲ ရှင်းဂျယ်ယွန်း ချောလ်ဆူကတော့ ကောင်းသွားပြီတဲ့ !"

YOU ARE READING
𝐇𝐞𝐚𝐫𝐭𝐛𝐞𝐚𝐭// 𝐇𝐞𝐞𝐣𝐚𝐤𝐞
Fanfic"နောက်ထပ် လူနာကတော့ ရှင်းဂျယ်ယွန်းပါ" "ရှင်းဂျယ်ယွန်း ထပ်ပြီး အဲ့ကောင်လေးပဲလား ~ ဒီတစ်ခါရော ဘာရောဂါဖြစ်ပြန်ပြီလဲမသိ" ""နှလုံးရောဂါထင်ပါရဲ့ ဒေါက်တာကိုကို ကိုမြင်တိုင်း ကျွန်တော်ရဲ့ နှလုံးသားလေးက မူမမှန်တော့ပဲ အခုန်မြန်နေလို့လေ မယုံရင် နားကြပ်နဲ့ နားထ...