Zaw
ချိန်းထားသည့်နေရာသို့ ခရမ်းသွေးနဲ့မှုံရတီသာရောက်သေးသည်။ကြိုမှာထားသည့် ဝိုင်းသို့ သွားထိုင်ကာ အအေးနှင့် အပျင်းပြေစားနိုင်သော မုန့်တချို့ကိုမှာထားပြီး စစ်သျှားရိုင်းနဲ့ ခွန်းခြူးသျှန်ကိုစောင့်နေလိုက်တော့သည်။5မိနစ်ကြာသောအခါ သျှားရိုင်းရောက်လာသည်။ဆိုင်ဝင်ဝင်ချင်း ဟိုကြည့်ဒီကြည့်လုပ်ကာ အခြေအနေကိုအကဲခတ်သေးသည်။ ပြီးမှ ခရမ်းတို့ရှိရာဆီလျှောက်လာသည်။ မှုံရတီက ခရမ်းနှင့်အနက်စပ်ထားသည့် ခြေသလုံးအလယ် ဂါဝန်လက်တစ်ကိုင်းကို ခရမ်းအနုလက်ရှည်ခါးတိုနှင့်တွဲဝတ်ထားပြီး ဆံပင်ကို ခပ်မြင့်မြင့်မြှောက်စီးထားသည့်အခါတွင်တော့ မျက်ခုံး မျက်လုံး လှပြီး နဖူးကျဉ်းကျဉ်းလေးနဲ့ လိုက်ဖက်လှသည်။
ခရမ်းသွေးသည်လည်း ခရမ်းနှင့်အညိုစပ်ထားသော ရှပ်အင်္ကျီကော်လာပါကို အညိုကိုမှ အနက်ဘက်သန်းသော စတိုင်ပန်ကိုဝတ်ထားသည်မှာ ခြေတံရှည်များက ပေါ်လွင်နေပြီး ခါးသေးသေးကိုလည်း ဖော်ပြထားသည်။ဆံပင်ကို အနောက်သို့လှန်ထားသည်မှာ ကြည့်ကောင်းရုံသာမက ထင်းပါထင်းနေသေးသည်။သျှားရိုင်းကလည်း ခရမ်းနှင့် မီးခိုးအဖျော့စပ်ထားသည့် T-shirtကို အနက်ဂျင်းဘောင်းဘီနဲ့ တွဲဖတ်ဝတ်ထားသည်။ ဆံပင်ကို ဘေးခွဲထားပြီး ဖွထားသည်မှာ မြင်သူအပေါင်း ငေးစရာပင်။
ခရမ်းတို့ဆီ သျှားရိုင်းလျှောက်လာရာ တစ်လျှောက်တွင် ဆိုင်အတွင်းရှိလူများက စူးစိုက်ကြည့်နေကြသည်။ထိုသို့ကြည့်နေကြသော်လည်း နေရခက်နေပုံမပေါ်ချေ။ ဆိုင်၏အတွင်းနဲ့ အပြင်မှာလုံးဝကွာခြားသည်။အရှေ့ပိုင်းမျက်နှာစာက နွေးထွေးပြီး အတွဲများ Dateနိုင်သည့်ချစ်စရာကောင်းသော စားသောက်ဆိုင်ပုံပေါ်သော်လည်း အတွင်းပိုင်းရောက်သည်နှင့်တစ်ပြိုင်နက် ဆိုင်တစ်ခန်းလုံးနက်ဆွေးကာ အသုံးအဆောင်များကစ နက်ဆွေးနေသည်။ကော်ဖီဆိုသည်လည်း အခါးတစ်မျိုးတည်းသာရှိပြီး ဝိုင်နှင့် အရက်များမှာလည်း ဈေးကောင်းလှသည်။ ဟင်းလျာများမှာ ပင်လယ်စာနှင့် chinese foodမျိုးစုံကို ရရှိနိုင်လေသည်။
ခရမ်းတို့ ယူထားသောစားပွဲဝိုင်းက သီးခြားတည်ရှိနေသော နေရာကို တမင်တကာရွေးယူထားသည်။အခြားစားပွဲများနှင့်လည်း ဝေးသည်မို့ စကားပြောသည့်အခါ သေချာရှင်းလင်းစွာကြားရမည်မဟုတ်ပေ။ သျှားရိုင်းရောက်လာပြီး ထိုင်သည်နှင့် ကိစ္စများကို ဆွေးနွေးကြတော့သည်။
YOU ARE READING
Ngine(ငိုင်း)
Historical Fictionငယ်ငယ်က ပင်လယ်ကမ်းခြေမှာ အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့ ကောင်ငယ်လေးက တစ်နေ့ သူ့ကို ယှဥ်ပြိုင်လာနိုင်လိမ့်မယ်ဆိုတာ သူမတွေးခဲ့မိဘူး ပြီးတော့ အဲ့ကောင်လေးက အမှောင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့သူ ချင်းတိုင်းရင်းသား ကပြားကောင်လေး ငိုင်း!!! အမှတ်မထင်ပဲ ပင...