Zawgyi
"လမ်းခွဲရအောင်"စိတ်ပျက်ငြီးငြူနေတဲ့အသံနဲ့နေမိုးသောက်တစ်ယောက်လမ်းခွဲဖို့အကြောင်းပြောလာတဲ့အချိန်ခရမ်း တုန်လှုပ်သွားမိသည်။
တစ်ချိန်ချိန်မှာဒီလိုတြွေဖစ်လာမယ်ဆိုတာ ခရမ်းသိပြီးသားပဲ သိရက်နဲ့ကိုယ်ကနောက်မဆုတ်နိုင်ခဲ့တာ ကိုယ့်အမှားပဲပေါ့ အခုတော့ပြေးရှောင်လို့လည်းမရတော့ဘူးထင်ပါရဲ့။
"အင်း.....အကြောင်းပြချက်က ဘာလဲ" လို့ခရမ်းကအရှေ့က အုံ့ဆိုင်းပြီးညှို့ဓာတ်ပြင်းတဲ့ပန်းပင်ကြီးငယ်အသွယ်သွယ်ကိုကြည့်ရင်းမိုးသောက်ကိုပြန်မေးလာသည်။
"ပျင်းလာပြီ စိတ်ပင်ပန်းတယ် အခုလို တွယ်ကပ်ခံထားရတာကို" ခရမ်းကိုပြန်ကြည့်ပြီးမိုးသောက်က ပြန်ပြောလာခဲ့တာပင်။
"ချစ်ခဲ့လား" ဒီတစ်ခါတော့ခရမ်းက မိုးသောက်ရဲ့ပင်လယ်လိုမာယာများလှတဲ့မျက်လုံးတွေကို သေချာကြည့်ပြီးမေးလာသည်။
"ငါအစောရီးကတည်းက ပြောခဲ့ပြီးသားပဲ ဒီတိုင်းစိတ်ကစားတွဲတာလို့ မင်းဘာသာလက်ခံခဲ့တာလေ အခုတော့မင်းကိုတော်တော်ငြီးငွေ့လာပြီ" လို့မိုးသောက်ကလည်းခရမ်းကိုပြန်ဖြေလာသည်
"မင်းကြိုက်တဲ့သူနဲ့တွဲ မင်းဘယ်၂ယောက်တွဲတွဲ ငါမငြိုငြင်ခဲ့ဘူး အပြစ်လည်း မပြောခဲ့ဘူး ငါကိုယ်တိုင်မင်းကို ငါ့ကိုစိတ်မပျော်တော့ရင် ငြီးငွေ့လာရင်တွဲပါလို့ ငါအဲ့လောက်ထိမင်းကို
နားလည်ပေးခဲ့တာ ဒါတောင်မှ မင်းကငါ့ကိုလမ်းခွဲချင်နေတုန်းပဲလား""အင်းးးး ငါမင်းကိုမချစ်ဘူး"
"ထားပါ.....မင်းချစ်တာ ခွန်းခြူးသျှန်ဆိုတဲ့သူမလား"
"ဟင် မင်းဘယ်လိုသိတာလဲ သူနဲ့မင်းကရောဘယ်လိုပတ်သက်တာလဲ"
"ငါမေးတာသာဖြေ သောက်အရစ်မရှည်နဲ့"
"ဟ! ဘယ်လိုပြောလိုက်တာ ငါ့ကို အေးးးဟုတ်တယ်ခွန်းခြူးသျှန်ကိုချစ်တယ်"
"အ့တောင် ဘောမို့!သူ့ကိုလမ်းခွဲတာလား မအေဘေး သောက်သူတောင်းစား"
"ဟျောင့် မင်းထက်ငါကြီးတယ်နော်"
"သောက်လဒ အသက်ထည့်ပြော တစ်ယောက်ယောက်ကြားရင် တစ်မျိုးထင်လိမ့်မယ်"
YOU ARE READING
Ngine(ငိုင်း)
היסטורי בדיוניငယ်ငယ်က ပင်လယ်ကမ်းခြေမှာ အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့ ကောင်ငယ်လေးက တစ်နေ့ သူ့ကို ယှဥ်ပြိုင်လာနိုင်လိမ့်မယ်ဆိုတာ သူမတွေးခဲ့မိဘူး ပြီးတော့ အဲ့ကောင်လေးက အမှောင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့သူ ချင်းတိုင်းရင်းသား ကပြားကောင်လေး ငိုင်း!!! အမှတ်မထင်ပဲ ပင...