ဘဝ​ပြောင်းလဲမှု

309 25 1
                                    

Unicode

Harry အလုပ်က​နေပြန်လာကာ အဝတ်အစားလဲပြီး ဆိုဖာ​​ပေါ်မှာ ​ချောကလက်ပူပူ​လေးတစ်ခွက်ရယ် မုန့်​တွေရယ်နဲ့ ဇိမ်ခံကာ အနားယူ​နေ​တော့တယ်။ ရုတ်တရတ် သူ့ရဲ့ အနားယူချိန်​လေးကို ဖုန်း​ခေါ်ဆိုမှု တစ်ခုက လာဖျက်ဆီးပါ​တော့တယ်။

သူ တံခါး​ဝမှာ ရပ်​နေရင်း ​သော့ကိုလက်ထဲကိုင်ထားချိန် ဖုန်းမြည်လာတာကို ခံစားလိုက်ရတယ်။ စခရင်​ပေါ်ကို တစ်ချက်ကြည့်လိုက်​တော့ သူ့ရဲ့ တစ်ဦးတည်း​သောဝမ်းကွဲ Dudley ရဲ့ နံပါတ်ကို ​တွေ့လိုက်ရတယ်။ Dudley က သူ့အ​မေရဲ့ ညီမ Petunia Dursley ရဲ့ သားဖြစ်တယ်။ သူမရဲ့ ခင်ပွန်းက​တော့ Vernon Dursley ​ပေါ့။ သူတို့က Harry အတွက် တစ်ဦး​တည်းသော မိသားစုပါ။ Harry ရဲ့ မိသား​စုက ငယ်ငယ်ကတည်းက မ​တော်တဆမှုတစ်ခု​ကြောင့် ဆုံးပါးသွားကြတယ်။ Dursley မိသားစုနဲ့ ​ကောင်းမွန်တဲ့ ဆက်ဆံ​ရေး မရှိ​ပေမဲ့လည်း မကြာခဏ ​ငွေ​ကြေးအကူအညီ​ပေးရတာ​ကြောင့် အဆက်အသွယ်​တော့ မပြတ်ဖြစ်ပါ။

တကယ်​တော့ Harry သူတို့နဲ့ အဆက်အသွယ်မလုပ်ချင်​တော့ပါ။ ဒါ​ပေမဲ့ ငယ်စဥ်က ​ကျွေး​မွေးပြုစုခဲ့တဲ့​ ကျေးဇူးကို သူ ဒီ​ငွေ​ကြေးနဲ့ဘဲ ပြန်ဆပ်​ပေးနိုင်တယ်​လေ။ သူ ကူညီနိုင်တဲ့ တစ်ခုတည်း​သော နည်းလမ်းဘဲမလား။ Dudley က အလုပ်လက်မဲ့ဖြစ်သလို၊ သူ့အ​ဖေ Vernon နဲ့ ကလပ်​တွေ ခဏခဏသွားပြီး ပိုက်ဆံ​တွေကို အမြဲဖြုန်း​လေ့ရှိ​တော့ သူတို့အတွက် ​ငွေရ​ပေါက်က Harry တစ်​ယောက်ဘဲ ရှိတယ်​လေ။

Harry သက်ပြင်းချလိုက်မိတယ်။

အခု ဖုန်း​ခေါ်မှုကလည်း ပိုက်ဆံကိစ္စ​ကြောင့်ဆိုတာ သူသိ​နေတယ်။ သူ မသိချင်​ယောင်​ဆောင်လိုက်ချင်​ပေမဲ့လည်း မလုပ်နိုင်ပါ။ သူ တံခါးဖွင့်လိုက်ရင်း တစ်ခါတည်းဖုန်းကိုင်လိုက်တယ်။

" ဟယ်လို... Harry ​ပြော​နေပါတယ်..."

" Harry!!! မင်း အခု အိမ်ကိုပြန်လာခဲ့!!! "

တစ်ဖက်က သူ့ဝမ်းကွဲရဲ့ အသံကို ကြားလိုက်ရတယ်။ အသံက ထူးဆန်းသလို နည်းနည်း​ကြောက်လန့်သလိုလည်း ဖြစ်​နေတယ်။

" Dudley ... ဘာဖြစ်တာလဲ "

" အများကြီးဖြစ်ပြီးသွားပြီကွ.... အိမ်ကိုသာ မြန်မြန်ပြန်လာလိုက်ပါ​တော့ "

ထိမ်းမြှား လက်ထပ်ခြင်း (Myanmar Translation)Where stories live. Discover now