Unicode
Draco ဟာ သူ့ရဲ့ တစ်နှစ်ကျော်ကြာတွဲလာတဲ့ Theodore Nott (သီအိုဒေါ နော့) နဲ့ လှပတဲ့ညလေးကို ဖြတ်သန်းပြီးနောက် မနက်စောစောမှာ( ၂နာရီ၊ ၃နာရီ) အိမ်ကို ပြန်လာလိုက်တယ်။ Draco ဟာ နေ့တိုင်း ရုံးကပြန်လာပြီး သူ့မိဘတွေ အိပ်ချိန်နောက်ပိုင်းမှာ Theodore နဲ့ အမြဲ သွားတွေ့လေ့ရှိတယ်။
Nott ရဲ့ ကုမ္ပဏီဟာ အရင်ကတည်းက Malfoy ကုမ္ပဏီနဲ့ ရန်ဘက်တွေဖြစ်ကြတဲ့အတွက် Draco အနေနဲ့ ဒီ ဆက်ဆံရေးကို လျို့ဝှက်ထားဖို့လိုတယ်။ သူ့မိဘတွေက သူတို့ ၂ ယောက်ကို ဘယ်တော့မှ လက်ခံပေးနိုင်ကြမှာ မဟုတ်ဘူးဆိုတာ သူသိပါတယ်။ ဒါပေမဲ့ သူ ကောင်လေးကို ရူးသွပ်စွာ ချစ်နေမိပြီ။ Theo လည်း သူနဲ့ ထပ်တူဘဲပေါ့။
Draco သူ့မိဘတွေ အခန်းရှေ့ကနေ ဖြတ်လိုက်ချိန် မထင်မှတ်ဘဲ အမေ့ရဲ့ အသံကိုကြားလိုက်ရတယ်။
" အဲ့လို မရဘူး Lucius... ရှင် ကောင်လေးတစ်ယောက်ရဲ့ ဘဝကို အဲ့လို ဖျက်ဆီးလို့မရဘူး "
" ဒါပေမဲ့ အဲ့တာ Draco အတွက်လေ.. မင်းရော သူ့ကို လမ်းမှားမရောက်စေချင်ဘူးမလား .. "
" ဒါပေမဲ့.. ကောင်လေးအတွက်ကျတော့ရော..."
" Draco ကလွဲပြီး အဲ့ကောင်လေးအကြောင်းကို မင်း ဘာလို့တွေးပေးနေရတာလဲ.. ပြီးတော့ ငါ အဲ့ကောင်လေး မိသားစုကို ပိုက်ဆံပေးပြီးသွားပြီ "
" ပိုက်ဆံ!...."
Narcissa အံ့သြစွာ ပြန်မေးလိုက်မိတယ်။
" ဟုတ်တယ်.. ငါ သူ့ ဦးလေးနဲ့ စကားပြောဖို့ သွားတွေ့တဲ့အချိန် သူတို့က ပိုက်ဆံဘဲ တောင်းတာကြောင့် ငါပေးခဲ့လိုက်တယ် ... ပြီးတော့ ဒီအိမ်ထောင်ရေးကလည်း အဆင်ပြေသွားမှာပါ.. Harry က Draco အတွက် ပြီးပြည့်စုံတဲ့ကောင်လေးဆိုတဲ့အကြောင်း ငါ့ကို Severus ပြောထားတယ် .. ငါ သူ့ကို ယုံတယ် "
Draco ဒီအကြောင်းတွေကို ၂ ခါ ပြန်ကြားစရာ မလိုတော့ပါ။ အခန်းဆီကိုဘဲ အမြန်တက်သွားလိုက်မိတယ်။
သူ့အဖေက လက်ထပ်ဖို့ကို သူ့ကိုမမေးဘဲ အစကတည်းက ဆုံးဖြတ်ထားပြီးသားလား။ ဘာဖြစ်လို့လဲ။
YOU ARE READING
ထိမ်းမြှား လက်ထပ်ခြင်း (Myanmar Translation)
Fanfictionမူရင်း စာရေးသူကို အပြည့်အဝ crd ပေးပါသည်။ Chapter - 1 to 16 ( 1 extra ) Start date - 4. 3 . 2023 End date -