Unicode
အခုဆို Harry , Malfoy Manor မှာနေတာ သုံးလတောင်ရှိခဲ့ပြီ။ Draco မိဘတွေက သူတို့ရဲ့ အရေးကြီး အလုပ်ကိစ္စတွေကြောင့် ကျေးလက်ဒေသက လယ်ယာအိမ်ကို ပြန်သွားကြတယ်။
အဲ့တော့ Harry နဲ့ Draco ဘဲ ဒီအိမ်ကြီးမှာ အတူနေကြတယ်။ Harry က Draco သူငယ်ချင်းတွေအပါအဝင်၊ အားလုံးကို သူဟာ ပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေး ပိုင်ဆိုင်ထားကြောင်းကိုဘဲ သိစေတယ်။
Draco နဲ့အတူ မလိုချင်တဲ့အိမ်ထောင်ရေးကို ရှေ့ဆက်နေရပါတယ်ဆိုတဲ့ သူ့ရဲ့ ခံစားချက်တွေကို ပေးမသိချင်ဘူး။ Draco က သူ့ကို အရာအားလုံးထက်ပိုမုန်းတယ်ဆိုတာ သူသိပါတယ်။ Dursleys တွေ ထက်တောင် ပိုမုန်းပုံရသေးတယ်။Draco ဘာလို့ သူ့ကို အမြဲမုန်းနေရသလဲဆိုတာ Harry သိချင်မိတယ်။ ညဘက်တွေတိုင်း အိပ်ယာပေါ်မှာ တစ်ယောက်တည်း မျက်ရည်တွေနဲ့ဘဲ အမြဲအိပ်ပျော်နေရတယ်။ ဒီလို ဘဝကို Harry ဘယ်တုန်းကမှ မမက်မောခဲ့ပါဘူး။
Draco က သူ့ရဲ့ ချစ်သူ Theodore Nott အတူနေဖို့ ညဥ့်နက်မှပြန်လာတယ်ဆိုတာ အပြစ်ကင်းစင်တဲ့ကောင်လေးကတော့ မသိရှာပါ။
မသိနိုင်ပါဘူး၊ သူတို့က တစ်ခန်းထဲမှာ အတူမနေကြဘူးလေ။ ဒါပေမဲ့ Harry က နေ့တိုင်း ဧည့်ခန်း ဆိုဖာပေါ်မှာထိုင်ပြီး သူ့ ခင်ပွန်းဖြစ်သူ ပြန်လာမဲ့ အချိန်ကို စောင့်နေတတ်တယ်။ လူတွေ အိပ်ချိန် ညသန်းခေါင်ရောက်မှသာ Draco က ပြန်လာတတ်ပြီး စောင့်နေတဲ့ Harry ကို တချက်သာစူးစိုက်ကြည့်ပြီး သူ့အခန်းတည့်တည့်ကို ဝင်သွားလေ့ရှိတယ်တယ်။ အဲ့အချိန်ကျမှ သနားစရာကောင်လေးက သူ့ရဲ့ အခန်းကို ပြန်အိပ်တော့တယ်။
Narcissa နဲ့ Lucius တို့က သူတို့ လက်ထပ်ပြီး တစ်လအကြာမှာ ပြန်သွားကြတယ်။ အဲ့နေ့မှာ Draco က Harry ပစ္စည်းတွေကို သူ့အခန်းထဲက ပစ်ထုတ်ပစ်တဲ့အတွက် Harry တခြားအခန်းမှာ သွားနေခဲ့ရတယ်။
မနက်အစောမှာ Draco က အလုပ်သွားဖို့ ပြင်ဆင်နေတယ်။ Harry က အခန်းထဲကို ဝင်လာပြီး သူလုပ်ဖို့မလိုတဲ့ မနက်စာကို ယူလာပေးတယ်။
" ကျွန်တော့်မှာ မေးစရာတစ်ခုရှိတယ် "
Harry က မနက်စာကို အိပ်ရာဘေးက စားပွဲမှာချပြီး ပြောလာတယ်။ Harry သက်ပြင်းတစ်ချက်ချလိုက်ကာ...
YOU ARE READING
ထိမ်းမြှား လက်ထပ်ခြင်း (Myanmar Translation)
Fanficမူရင်း စာရေးသူကို အပြည့်အဝ crd ပေးပါသည်။ Chapter - 1 to 16 ( 1 extra ) Start date - 4. 3 . 2023 End date -