"ခင်ဗျား သူ့ကိုသိတယ်မဟုတ်လား မစ္စတာလန်ယွဲ့"
ရဲအရာရှိက လန်ယွဲ့ကိုစိုက်ကြည့်ကာ အကဲခတ်နေပြီး သူ့မျက်နှာပေါ်ကအမူအရာအသေးစိတ်ကိုလေ့လာနေတယ်။
လန်ယွဲ့က နေရာမှာပင်တကိုယ်လုံးတောင့်တင်းစွာရပ်နေပြီး သေချာဂရုတစိုက်ကြည့်ရင် သူ့ရဲ့ခန္ဓာကိုယ်က တုန်ယင်နေတာကို ကောင်းကောင်းကြီးသတိထားမိနိုင်တယ်။"...ကျွန်တော်..သိတယ်"
လန်ယွဲ့ရဲ့အသံကတုန်ယင်နေပြီး ဘေးနားမှာရှိနေတဲ့မျမ်မျမ်ကတော့တချိန်လုံးသူ့ကိုသာစောင့်ကြည့်နေတယ်။ လန်ယွဲ့ရဲ့မျက်နှာပေါ်က အမူအယာနဲ့တုန်ယင်နေတဲ့မျက်လုံးတွေကိုမြင်လိုက်တာနဲ့ သူကချက်ချင်းလန်ယွဲ့အနီးတိုးကပ်လာပြီး သူ့ရဲ့လက်ကိုအသာအယာဆုပ်ကိုင်လိုက်တယ်။
အရာရှိကထိုအချင်းအရာကိုမမြင်ချင်ယောင်ဆောင်လိုက်ပြီး အလွန်အမင်းထိတ်လန့်နေပုံပေါ်တဲ့ လန်ယွဲ့ကိုသာအာရုံစိုက်နေတယ်။"ခင်ဗျား မငြင်းတဲ့အတွက်ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ဘက်ကလဲ ခင်ဗျားနဲ့သေဆုံးသူကြားက ပတ်သက်မှုကိုတွေ့ရှိခဲ့ပြီးသားပါ...နောက်မေးခွန်းတွေကိုလဲ မုသားမပါပဲဖြေဖို့မျှော်လင့်ပါတယ်"
လန်ယွဲ့က အရာရှိရဲ့အေးတိအေးစက်အပြောနဲ့ မသိမသာခြိမ်းခြောက်မှုကို အာရုံမရောက်နိုင်ပဲ သူ့အရှေ့ကအစိတ်အပိုင်းများစွာနှင့်ရုပ်ပျက်ဆင်းပျက်ခန္ဓာကိုယ်ကိုကြည့်ပြီး အသက်ရှူပင်ကြပ်လာရတယ်။
ထိုခန္ဓာကိုယ်က ယနေ့မနက်အစောပိုင်းမှာ သူ့အာရုံထဲရောက်လာခဲ့တဲ့မှန်ပေါ်ကပုံရိပ်နဲ့ထပ်တူကျနေပြီး လန်ယွဲ့ရဲ့ဦးနှောက်ကိုဗလာကျင်းသွားစေတယ်။ အကောင်းပကတိအတိုင်းကျန်နေတဲ့ဦးခေါင်းကလွဲပြီး တခြားအစိတ်အပိုင်းများက ရေထဲမှာအချိန်အတော်ကြာရှိခဲ့ပုံပေါ်နေကာ သွေးများပင်ရှိမနေတော့ပေ။
ရေဓာတ်ကြောင့် ရော့ရော့ရိရိဖြစ်နေတဲ့ခြေလက်တွေကတစ်နေရာ ဦးခေါင်းကတစ်နေရာဖြစ်နေပြီး ခန္ဓာကိုယ်ထည်ရဲ့တပိုင်းက အတွင်းကလီစာတချို့က ပုပ်ပွကာရှုပ်ထွေးနေတယ်။ကျန်တပိုင်းကမူ အသားစများစွာ ဖွာလှန်နေကာဖြတ်တောက်ခံထားရပုံပင်။
![](https://img.wattpad.com/cover/335640851-288-k540255.jpg)