အခန်း ၅

4 1 0
                                    

"မျမ်မျမ် ငါ"

"အိမ်ရောက်မှပြော...အခုပြန်အိပ်လိုက်ဦး...ရောက်ရင်ငါနိုးလိုက်မယ် ‌ဟုတ်ပြီလား"

လန်ယွဲ့ကသက်ပြင်းချလိုက်ပြီးခေါင်းကိုအသာညိတ်လိုက်တယ်။ပြီးနောက်မှာ သူကအိပ်ဖို့အချက်ပြနေတဲ့ရှန့်မျမ်ရဲ့ပခုံးလေးပေါ်မှီတွယ်လိုက်ပြီး လတ်ဆတ်တဲ့သစ်ရွက်စိမ်းနံ့ရောယှက်နေတဲ့ရှန့်မျမ်ရဲ့ကိုယ်သင်းနံ့ကိုရှူရှိုက်လိုက်မိတယ်။

"မင်း ရေမွှေးအသစ်ပြောင်းသုံးထားတာလား"

ရှန့်မျမ်ကတစ်ခဏလောက်တိတ်သွားပြီး ဝန်ခံတဲ့အသံတိုးတိုးထွက်လာတယ်။လန်ယွဲ့ကပြုံးလိုက်ပြီး သူမှီတွယ်နေတဲ့ခန္ဓာကိုယ်သေးသေးလေးကိုဖက်တွယ်လိုက်တယ်။
"ဒီအနံ့လေးကိုငါကြိုက်တယ် ငါ့ကိုစိတ်ငြိမ်သွားစေသလိုပဲ...
အရင်လိုအရမ်းအနံ့ပြင်းတဲ့ရေမွှေးတွေအစား ဒါပဲသုံးတော့"

ရှန့်မျမ်ကခေါင်းကိုညိတ်ပြလိုက်တာမို့ သူ့ရဲ့အပြုံးကပိုမိုကျယ်ပြန့်လာပြီးစိတ်ချလက်ချအိပ်ပျော်သွားတော့တယ်။လန်ယွဲ့မမြင်နိုင်တဲ့တခြားတစ်ဖက်မှာတော့ ရှန့်မျမ်ရဲ့မျက်နှာကအလွန်အမင်းနီရဲနေပြီး လန်ယွဲ့ထိကပ်ထားတဲ့သူ့ရဲ့လည်တိုင်က ပူလောင်လာတယ်။

လန်ယွဲ့အိပ်စက်‌ပြီးမကြာခင်မှာ သူ့ရဲ့အိမ်မက်ထဲအားလီကရောက်လာတယ်။ လန်ယွဲ့ကခုံတစ်ခုပေါ်မှာထိုင်နေပြီး သူ့အရှေ့မှာ ရေစိုရွှဲပြီးပုံပျက်ပန်းပျက်ဖြစ်နေတဲ့ အားလီကရပ်နေခဲ့တယ်။ သူအော်ဟစ်လိုက်ပေမယ့် သူ့ရဲ့ပါးစပ်ကိုအဝတ်စတစ်ခုနဲ့စည်းနှောင်ထားတဲ့အတွက် အသံတိုးတိုးသာပြုလုပ်နိုင်တယ်။ ထိုနေရာမှထွက်ပြေးနိုင်ဖို့သူရုန်းကန်နေစဉ်မှာ အားလီကသူ့ရဲ့အနားကိုတဖြည်းဖြည်းတိုးကပ်လာတယ်။ အဆုံးမှာ သူနဲ့၁ပေတောင်မခြားတော့တဲ့အထိ အားလီရဲ့ခန္ဓာကိုယ်ကနီးကပ်နေပြီး သူ့ရဲ့နာမည်ကိုစူးရှကျယ်‌လောင်စွာအော်ဟစ်လိုက်တဲ့အားလီရဲ့အသံကိုသူကြားလိုက်မိတယ်။

"လန်ယွဲ့...လန်ယွဲ့ ထတော့"

လန်ယွဲ့ကသူ့ရဲ့ကိုယ်ကိုလှုပ်နှိုးနေတဲ့အထိအတွေ့နဲ့ ရှန့်မျမ်ရဲ့သိမ်မွေ့တဲ့အသံကြောင့် အိမ်မက်ကနေလွတ်မြောက်သွားတယ်။
ချွေးတွေရွှဲနေတဲ့သူ့ရဲ့ခန္ဓာကိုယ်နဲ့မျက်နှာကို ရှန့်မျမ်ကစိုးရိမ်တကြီးကြည့်နေပြီး လေကိုတဝရှူပြီးချိန်မှ သူခေါင်းညိတ်ပြလိုက်တယ်။

Beyond The DarkWhere stories live. Discover now