Unicode✅
ယခုဆိုလျှင်ထယ်ဟျွန်းနဲ့ဘောမ်ဂယူစိတ်ဆိုးနေကျတာတစ်ပတ်ရှိပြီဖြစ်သည်။ကာယကံရှင်နှစ်ယောက်ကဘာမှမဖြစ်သော်လည်းဖြစ်နေတာကတော့ဂျောင်ဂုနဲ့ထယ်ယောင်းပင်။ကြားထဲကနေသူတို့ရဲ့နားပူနားဆာလုပ်တာကိုခံရပြီးဒုက္ခခံနေရခြင်း။
ထယ်ဟျွန်းကလည်းဘောမ်ဂယူနဲ့စိတ်ဆိုးပြီးကတည်းကဟိုကောင်မလေးနဲ့တစ်တွဲတွဲ။"Tae TaeငါToiletသွားဦးမယ်"
"အေး ဖြေးဖြေးသွားဦး"
"အင်းပါ"
ဘောမ်ဂယူtoiletထဲတွင်အပေါ့သွားပြီးအပြင်ထွက်ကာလက်ဆေးနေတုန်းသူ့ဘေးနားကိုရောက်လာသည့်ကောင်မလေးတစ်ယောက်။
"ဒီမှာရှင့်"
"ကိုယ့်ကိုခေါ်တာလား"
"ဟုတ်ပါတယ်"
"ဘာပြောစရာရှိလို့လည်းညီမ"
"အကိုထယ်ဟျွန်းနဲ့ဝေးဝေးနေပေးပါ"
"ဘာ!ဒီမှာညီမ ညီမကဘာမို့လို့အကို့ကိုအမိန့်လာပေးနေရတာလည်း"
"ဘာဘဲဖြစ်ဖြစ်ရှင့်အပူမပါပါဘူး အကိုထယ်ဟျွန်းနဲ့ဘဲဝေးဝေးနေပေး"
"မနေပေးတော့ရောဘာဖြစ်ချင်လည်း"
"အစကအနုနည်းသုံးမလို့ဘဲ အနုနည်းမရတော့အကြမ်းနည်းပေါ့ ကိုကြီးတို့ဝင်လာခဲ့ကြ"
Toiletထဲကိုဝင်လာတဲ့သန်မာထွားကြိုင်းလှတဲ့လူနှစ်ယောက်ဘောမ်ဂယူကြောင်အနေစဥ်မှာဘဲတစ်ယောက်ကဘောမ်ဂယူကိုလာချုပ်သည်။
"စောက်နွားတွေ!လွှတ် ငါ့ကိုလွှတ်!"
ဘောမ်ဂယူရုန်းသော်လည်းအချည်းနှီးသာ။ထိုထဲကလူတစ်ယောက်ဘောမ်ဂယူရဲ့အင်္ကျီကိုဆွဲဖြဲဖို့လုပ်နေသည်။ဘောမ်ဂယူကထထိုလူရဲ့လက်ကိုကုန်းကိုက်လိုက်တော့ ဘယ်ဘက်ပါးပြင်ကပူထူသွားရသည်။
"လူလေးလှသလောက်အဆိုးလေးပါလား"
"ဟိတ်ကောင်မလေး ဒီကောင်လေးကိုစိတ်ကြိုက်လုပ်လို့ရတယ်ဟုတ်"
"ရပါတယ် ရှင်တို့စိတ်ကြိုက်သာလုပ်"
"ဟုတ်ပြီဗျာ"
YOU ARE READING
Best Friend Of Lover! (Complete)
Fanfictionသူငယ်ချင်းကတော့သူငယ်ချင်းဘဲ ဒါပေမဲ့လည်း သူငယ်ချင်းမဟုတ်ဘူး