Unicode✅
"ရာ့! ဂန်ထယ်ဟျွန်း"
"ဘာလည်း"
"ငါ့ရဲ့မုန့်ပြန်ပေး"
"မပေးတော့ရော ဘာဖြစ်လည်း"
"ပေးဆိုနေ"
"မပေးဘူးကွာ"
"မင်းနော်အရပ်ရှည်တိုင်းလူကိုလိုက်စနေတယ်"
"စတော့ဘာဖြစ်လည်းအပုလေးရဲ့"
"ဘ-ဘာ!"
"အပုလေး"
"အားးးးးးးးး! မအေဘေးလေးမင်းကိုသတ်မယ်"
"ကြောက်လိုက်တာ"
"ငါကမင်းထက်တစ်လကြီးတယ်နော်!"
"တစ်လကြီးတာဘဲ တစ်နှစ်ကြီးတာမှမဟုတ်တာ"
"မင်း!"
"Hyunnie"
"ဟင်"
"Hyunnieလို့ခေါ်"
"Hyunnieပြန်ပေး"
"ရော့"
"ငါ့ရဲ့Hyunnieကလိမ်မာလိုက်တာ"
"လိမ်မာတယ်ပေါ့"
"မဟုတ်ပါဘူး"
"ခေါင်းပွတ်ပေး"
ပြောပြီးခေါင်းထိုးပေးလာတဲ့သူကြောင့်ဘောမ်ဂယူခေါင်းကိုပွတ်ပေးလိုက်သည်။
"ခေါင်းကိုက်တယ်"
"ငါ့ရင်ခွင်ထဲခဏမှီနေလိုက်ဆရာမလာမှဘဲကိုယ့်နေရာကိုပြန်သွား"
"အင်း"
ဘောဂယူရဲ့ရင်ခွင်ထဲရောက်လာတဲ့ထယ်ဟျွန်းရဲ့ခေါင်း။ဝိုင်းကြည့်နေကြတဲ့သူတွေကိုလည်းဂရုမစိုက်ကြ။ဂန်ထယ်ဟျွန်းနဲ့ချွဲဘောမ်ဂယူဆိုသည်မှာထိုသို့လူမျိုးတွေ။ဘာကိုမှဂရုမစိုက်ကြပါ။နှစ်ယောက်လုံးကသူငယ်ချင်းတွေဆိုသော်လည်းသူငယ်ချင်းထပ်အနည်းငယ်ပိုကြသည်။ချွဲဘောမ်ဂယူကဂန်ထယ်ဟျွန်းရဲ့အပိုင်ဖြစ်သလိုဂန်ထယ်ဟျွန်းကလည်းချွဲဘောမ်ဂယူရဲ့ပိုင်ရှင်ပင်။သို့သော်ရည်းစားတွေလည်းမဟုတ်ကြ။ထိုစကားကလည်းဂန်ထယ်ဟျွန်းကိုတိုင်ဒေါသတကြီးပြောခဲ့သည့်စကားဖြစ်သည်။
"Hyunnie"
"အင်း"
"ကျောင်းဆေးခန်းသွားမလား"
YOU ARE READING
Best Friend Of Lover! (Complete)
Fanfictionသူငယ်ချင်းကတော့သူငယ်ချင်းဘဲ ဒါပေမဲ့လည်း သူငယ်ချင်းမဟုတ်ဘူး