Best Friend Of Lover!-P3 <U+Z>

195 16 18
                                    

Unicode✅

"Hyunnie"

"ဗျ ဗျ"

"ငါအိမ်ပြန်တော့မယ်"

"ဘာဖြစ်လို့လည်း"

"ငါအိမ်မက်တွေမက်နေတာထင်တယ်"

"......"

ထယ်ဟျွန်းကပါးချိုင့်လေးတွေပေါ်အောင်ပြုံးနေသည်။ဘောမ်ဂယူကထိုအပြုံးလေးကိုငေးကြည့်နေသည်။

"မမက်ပါဘူးဂယူရဲ့"

"ကိုယ်ဂယူ့ကိုချစ်တယ် အများကြီးချစ်တယ်"

"Hyunnieအတည်ပြောနေတာလား"

"အတည်ပြောတာ ကိုယ်ကဘာလို့လိမ်ပြောရမှာလည်း"

"အဟင့် ချစ်တယ်"

ရင်ခွင်ထဲခေါင်းတိုးဝင်လာကာငိုရင်းသူ့(ထယ်ဟျွန်း)ကိုချစ်ကြောင်းပြောနေတဲ့ဘောမ်ဂယူ။

"ကိုယ်လည်းအများကြီးချစ်တယ်"

"အင့် နောက်ကျနေပြီအိမ်ပြန်ပို့ပေးတော့"

"မပို့ပေးနိုင်ပါဘူး"

"ဘာလို့လည်း"

"အန်တီ့ဆီခွင့်တောင်းပြီးပြီ ဒီမှာဘဲခေါ်ထားတော့တဲ့"

"အတည်ကြီးလား"

"အတည်ပေါ့"

"ဗိုက်ဆာလာပြီ"

"ရေချိုးလိုက် ကိုယ်အောင်မှာစောင့်နေမယ်"

"အဝတ်ကရော"

"ကိုယ့်ရဲ့ဘီဒိုထဲကနေထုတ်လိုက်"

"မင်းရဲ့အင်္ကျီဝတ်ရမှာလား"

"နောက်ကျရင်ကိုယ့်အမျိုးသားလေးဖြစ်လာမှာဘဲကို"

"မင်းနော်လူကိုရှက်အောင်"

"ဟားဟား! မောင့်အမျိုးသားလေးရေ အောက်ကိုဆင်းလာခဲ့နော်!"

"အား! ရှက်တယ်ဆို လူဆိုးကောင်!"

အော်နေသော်လည်းဘောမ်ဂယူရဲ့မျက်နှာလေးကကြည်နူးပြုံးလေးပြုံးနေသေးသည်။
ရေချိုးပြီးနောက်တွင်တော့ထယ်ဟျွန်းရဲ့ဘီဒိုထဲကိုကြည့်လိုက်သည်။အင်္ကျီတွေကဘောမ်ဂယူနဲ့အကုန်လုံးနီးပါးကြီးသည်။မထူးတော့ဘူးဟုဆိုကာအဖြူရောင်ဟူဒီတစ်ထည်နဲ့ဒူးဖုံးရုံလောက်သာရှိသည့်ဘောင်းဘီအနက်ရောင်အတိုလေးကိုသာဝတ်လိုက်သည်။
ဟူဒီကဘောမ်ဂယူနဲ့ကြီးနေပြီးလည်တိုင်လေးကပါပေါ်နေသည်။

Best Friend Of Lover! (Complete) Where stories live. Discover now