Chapter(5)

16.8K 251 10
                                    


              {Unicode}

" Daddy  "

ညင်သာသော အသံလေးက
မာန်၏ နှလုံးသားကို ယားယံ
စေသည်။  ဒီကလေး တစ်နေ့
တစ်နေ့ ပိုမိုချစ်ဖို့ ကောင်းလာ
နေ၏။ 

" ပြောလေ သုသုရဲ့  "

မာန်၏ အပြောကို လင်းသုတ
က သူ၏ ချစ်စဖွယ် မျက်ခုံး
လေးများကို တွန့်ချိုးပြီး မကျေ
မနပ်ဟန်ဖြင့်၊

" ဘာကိုပြောရမှာလည်းဗျ
မြန်မြန်မောင်းခိုင်းနေတာကို
နှေးတိ နှေးတုံ့လုပ်နေတာ
မဟုတ်ဘူးလား သူများကျောင်း
နောက်ကြအောင် "

" baby ရယ် ကိုယ်ကမင်းလေး
ကို ကျောင်းနောက်ကျစေချင်
လို့ မဟုတ်ရပါဘူးကွာ ကိုယ်
လည်း မောင်းနေတာဘဲ ၊ လမ်း
တွေက ပိတ်နေတာလေ  "

မာန်၏ ပြောစကားများက
အကုန် အမှန်တကယ်တွင်သာ၊
ရန်ကုန်၏ ကားလမ်းများက
အစဥ်အမြဲ ပိတ်လို့နေစဲ ၊ ဒါ
တောင် ဒီနေ့ မာန်နှင့် သုသုက
အစောကြီး ထွက်လာခဲ့ကြ
ခြင်း။

" ဟွန်းးး ဒယ်ဒီကလည်းဗျာ "

နှုတ်ခမ်းလေးဆူကာ ဟွန်းဟု
ပြောလိုက်ပုံက လူတကာအ
မြင်တွင် အသည်းယားဖွယ်
အတိ၊ မာန်လည်း သူ၏ ဒီ
ကောင်လေးအပေါ် ချစ်စဖွယ်
မှုကြောင့် နှာထိပ်ဖျားလေးကို
အသာအယာ သူ၏ လက်ဖြင့်
ညစ်ဆွဲပစ်လိုက်သည်။

" အားးး မလုပ်နဲ့ဒယ်ဒီနော် "

" အားး သူများနှာခေါင်းနာ
နေပြီနော် လွှတ်တော့  "

ဖြူဖွေးသော အသားအရည်
လေးက မနာအောင် ညှစ်လိုက်
သည်တောင် ရဲခနဲဖြစ်သွားရ
သေး၏။

" ဟုတ်ပါပြီကွာ ကိုယ်အမြန်
ဆုံး ရောက်အောင်ပို့ပေးမယ်
နော်  "

" ပြီးရော  "

" ဒါနဲ့ သုသုလေးက ဘာ
လို့ကျောင်းကို အဲ့လောက်
မြန်မြန်ရောက် ချင်နေရတာ
တုန်း " 

" ​ကျောင်းစောစော ရောက်ချင်
တာဘဲ အကြောင်းပြချက်ပေး
နေရအုံးမှာလား  "

" မဟုတ်ဘူးလေ Baby ရဲ့
ကိုယ်က အဲ့လိုမေးတာမှ
မဟုတ်တာကို  "

" နေပါအုံး ဒယ်ဒီကအခုသု
သုကို သံယရဖြစ်နေတာလား "

Oh my daddy ⛔️Tempat cerita menjadi hidup. Temukan sekarang