( ၅ )

3.7K 351 26
                                    

Unicode

" ခရီးမှ ပြန်လာပါပြီ...အောင့်မလေးဗျ ! ! ! "

တံခါးလေးလှည့်ပိတ်ပြီးတုန်းရှိသေး သူ့ကိုယ်ပေါ် ခုန်တက်လာသည့် ယုန်ပေါက်လေးကြောင့် လက်ထဲမှ အထုပ်အပိုးများပင် အောက်သို့ ပြုတ်ကျသွားရပြီး နှစ်ယောက်စလုံး လဲကျမသွားလေအောင် ဟန်ချက်ကိုလည်း မနည်းထိန်းညှိရ၏ ။

" မင်းပြောတော့ အလုပ်က တစ်ပတ်ကြာမှာဆို "

" အင်း အစက တစ်ပတ်တောင်ကြာမယ့် အလုပ် ကိုယ်ကသာ သုံးရက်တည်းနဲ့ အပြီးဖြတ်လာတာ "

သူ့ပခုံးနှင့်လည်စပ်အကြားရှိသော ညှပ်ရိုးချိုင့်၌ အံ၀င်ခွင်ကျမှီတင်နေသည့် မေးချွန်ချွန်လေးဟာ စူးတူးတူးဖြစ်ပြီး သူ့နှာခေါင်းနှင့် ဘယ်လောက်မှ မလှမ်းသည့် အကွာအဝေးတွင် ရှိသော ခေါင်းလုံးလုံးလေးဟာလည်း ရှန်ပူနံ့ သင်းပျံ့လွန်း၏ ။

" ဒီယုန်ပေါက်လေးကို အကြာကြီးမခွဲနိုင်လို့ ~ "

" အပိုတွေ "

လောလောလတ်လတ်တင် ခေါင်းလျှော်ထားပုံရသော ယုန်ပေါက်လေးဟာ တစ်ကိုယ်လုံး မွှေးရနံ့ထုံနေပြီး တမြတ်တနိုး နမ်းရှိုက်ပစ်ချင်စရာအတိရယ် ။ ကိုအာလာလေးတစ်ကောင်လို သူ့အပေါ် ဖက်တွယ်နေတာကလည်း ချစ်စရာကောင်းလွန်းလို့ ဆိုဖာဆီ အမြန်ဆုံးပွေ့ချီသွားလိုက်ပြီး အားရပါးရ မွေးကြူမိတော့၏ ။

" အွန့် ... အွန်း တော်တော့ အသက်ရှူမ၀ဘူး ရပ် ! "

" ကိုယ်လည်း နမ်းလို့ မ၀ဘူးလေ "

" ဟ ! တော်ပြီ ! မနမ်းနဲ့တော့လို့
ဘယ်လိုဖြစ်နေတာလဲ ၀မ်ရိပေါ် ! "

" လွမ်းလို့လေကွာ ဒီသုံးရက်လုံး
အရမ်းတွေ သတိရနေတာ သိရဲ့လား "

" ငါရောပဲ မင်းကို အရမ်း သတိရတယ် ~ "

ချွဲတိချွဲတာ အသံလေးက သူ့နှလုံးသားကို ငှက်မွှေးလေးနဲ့ လာကလိသွားသလို ခံစားရစေပြီး ပင့်တင်မိသည့် လက်ဖဝါးနှစ်ဖက်ထဲ ပါးလုံးလုံးပြည့်ပြည့်လေး နှစ်ခုဟာ တင်းတင်းအိအိ ပူတင်းလေးကဲ့သို့ ဖောင်းတက်နေခဲ့၏ ။

Drunk Text ( Completed )Where stories live. Discover now