( ၇ )

3.3K 340 44
                                    

Unicode

" ငါ့မှာ ခြေထောက်တွေပါမှန်းတောင်
မင်းလုပ်တာနဲ့ မေ့ကုန်တော့မယ်ထင်တယ် "

" ကိုယ်က ဘာလုပ်လို့လဲ "

" အမြဲချီနေလို့လေ ! မင်းက ငါ့ဆို
ကျောပိုးရတာနဲ့ ပွေ့ရတာနဲ့ ချီရတာနဲ့ "

" ဟဟ အဲ့တော့ မကြိုက်ဘူးလား "

" အမ်းးးးး မကြိုက်ဘူး
ရယ်တော့လည်း မဟုတ်ပါဘူး "

" ဒါဆို ကြိုက်တယ်လား "

" ဟီဟီးးး ကြိုက်တာပေါ့ ~
ဒီလို မင်းရင်ခွင်ထဲ မှီနေရတာရော
မင်း ပခုံးပေါ် ပါးအပ်နေရတာရော "

" အဲ့တာကိုများ ဘာတွေ ထူးထူးဆန်းဆန်း
ပြောနေတာလဲ ကြိုက်သလို နေလိုက်စမ်းပါ "

" မဟုတ်ပါ...ဘူး ငါက မင်း​ လေးနေမှာစိုးလို့ "

" မလေးပါဘူးဗျာ ဒီယုန်ပေါက်လေးကိုသာ
ပွေ့ရမယ်ဆို ကျွန်တော်မျိုး ၀မ်ရိပေါ်က ခါးပဲ ကျိုးသွားကျိုးသွား တစ်သက်လုံးပွေ့နေမှာပဲ "

" ဟွန်း အဲ့မှာ မင်းပဲ အပြောကောင်းနေလိုက် ! "

× × ×

အရင်ကထက်တောင် ပိုပြီးကျယ်ပြန့်လာသလို ထင်ရတဲ့ ရင်အုပ်ကြီးကြီးဟာ အရမ်းအရမ်းကို
မှီလို့ ကောင်းပါ၏ ။ ဘယ်လောက်ထိများ မှီလို့ကောင်းပါသလဲမေးရင် သူ့အနေနဲ့ တစ်သက်လုံး ဒီရင်ခွင်အကျယ်ကြီးထဲကနေ ပြန်မထွက်ချင်လောက်အောင် မှီလို့ကောင်းပါတယ်လို့ ဖြေမိပါလိမ့်မယ် ။

မသိမသာမော့ကြည့်လိုက်မိတဲ့အခါ မြင်ရသည့် မေးရိုးထင်းထင်းဟာ ထောင့်ကျကျဖြင့် အရင်အတိုင်း ဆွဲဆောင်မှုပြင်းထန်နေတုန်း ။ ပိုပြီး ခန့်ညားလာပုံပေါက်သည့် အနှီအမျိုးသားလေးဟာ အရင်လို ဆယ်ကျော်သက်လေးမဟုတ်တော့ပါပဲ ယောက်ျားဆန်တဲ့ အငွေ့အသက်တွေအပြည့် ! ရင့်ကျက်မှုတွေအပြည့် ! ချောမောမှုတွေအပြည့် !

ဟင်း ~ မင်းကတော့ ဘယ်အချိန်ကြည့်ကြည့်
အဘက်ဘက်က ပြည့်စုံနေတော့တာပါပဲလား ~

ဒီလိုတွေကြောင့်လည်း ငါ မင်းအနားနေရမှာကို
ကြောက်ခဲ့တာပေါ့ ! မင်း ငါ့ကြောင့် အရှက်ရမှာ !သူများတွေက ဝိုင်းပြီးလက်ညိုးထိုးမှာ ! အစော်ကားခံရမှာ ! အပြောအဆိုခံရမှာ ! ဒါတွေကို ငါ သိပ်ကြောက်ခဲ့တာ ! အခုထိလည်း ကြောက်နေတုန်းပဲ ရိပေါ် ~ အဲ့ဒီလို ကြောက်စိတ်တွေကြောင့်ဒီအခြေအနေကိုလည်း ငါ့မှာ မပျော်မွေ့နိုင်ဘူး ~

Drunk Text ( Completed )Wo Geschichten leben. Entdecke jetzt