( ၁၆ )

2.7K 277 48
                                    

Unicode

" ကိုယ် ရေနွေးစပ်ပြီးပြီ ပေါင်ပေါင်း "

" ချီ ~ "

ကုတင်ပေါ်ကနေ လက်နှစ်ဖက် ဆန့်တန်းလို့
သူ့အား ချီဖို့ပြောလာသည့် ပေါင်ပေါင်းကြောင့်
၀မ်ရိပေါ်ပြုံးမိသွားပြီး ခြေလှမ်းကျဲကြီးတွေဖြင့် ကုတင်နားကို အမြန်ရောက်သွားမိတော့သည် ။

မွေ့ရာခင်းအဖြူတွေ အလယ်မှာ ထိုင်နေခဲ့သည့် ပေါင်ပေါင်းဟာ တကယ်ကို အပြစ်ကင်းစင်ပါတဲ့ ယုန်ပေါက်လေးတစ်ကောင်လို ဒီဇိုင်းနှင့် သူ့ကို မျက်လုံးတောက်တောက်လေးတွေ အရည်လဲ့လို့ မော့ကြည့်လာသည် ။ သူသည်လည်း ထိုအရာကိုမှ အသည်းယားစွာဖြင့် ခါးကနေပြီး ဆွဲယူထူလို့ တင်ပါးအောက်လက်သျှို၀င်ကာ အိခနဲနေအောင် ကောက်ပွေ့မိလိုက်တော့သည် ။

အလိုက်တသင့်ပါပဲ သူ့လည်တိုင်ကို ဖက်တွယ်လာတဲ့ လက်ချောင်းလေးတွေနှင့်အတူ သူ့ပခုံးပေါ်ကို မှီအပ်ချလာတဲ့ ပါးပြည့်ပြည့်အိအိတွေ !

နောက် သူ တစ်ညလုံး ချွေးထုတ်ပေးထားလို့
ချဥ်စူးစူးအနံ့ကို ပြောင်းကုန်ပြီဖြစ်သော ခေါင်းလုံးလုံးလေးထက်မှ စေးကပ်ကပ် ဆံပင်စလေးတွေ ! အမြတ်တနိုးဖြင့် မွှေးကြူမိလိုက်ပါ၏ ။

အရင်လို လူ ကပ်ပြီးချွဲတတ်တဲ့ ကိုအာလာလေး
တစ်ကောင် သူ့ရင်ခွင်ထဲ ပြန်ရောက်လာခဲ့ပြီလေ ~

" ရေပါ ချိုးပေးရမလား "

" မင်း...နော် ! အကြံအစည်တွေ
ငါ မသိဘူး မထင်နဲ့ သွား ! မလိုဘူး "

ရေချိုးခန်းထဲရောက်ရောက်ချင်းမှာ ပြီတီတီ မျက်နှာပေးနဲ့ သွားစမိတဲ့ အကျိုးဆက်ကတော့
မျက်စောင်းအကြီးကြီးအထိုးခံရပြီး ရေချိုးခန်းပြင်ပကို ရက်ရက်စက်စက် တွန်းထုတ်ခံလိုက်ရတာပါပဲ ။ ဒုန်းခနဲ ပိတ်ချသွားခဲ့သည့် ရေချိုးခန်း တံခါးကိုကြည့်ရင်း ၀မ်ရိပေါ် ရယ်မိသွားသည် ။

သူ့ ယုန်ပေါက်လေးကလည်း
စိတ်ကြီးလိုက်တာလွန်ပါရော !

" အကိုက်ခဲပျောက်ဆေး ငါးကဒ်ပေးပါ "

" ငါ့တူ ? ! မလာတာတောင် ကြာရောပေါ့ "

" ခင်ဗျာ "

Drunk Text ( Completed )Où les histoires vivent. Découvrez maintenant