♥️ အပိုင်း 9 ♥️

21.1K 889 43
                                    

Extraordinary Marriage

[ ထူးခြားသော လက်ထပ်ခြင်း ]

♥️ အပိုင်း 9 ♥️

"သား တွန်းလှည်းသွားယူလိုက်မယ်နော်...."

"သားသားလဲ ကိုကို 2 နောက်ကိုလိုက်သွားမယ်......"

"ဘာလုပ်နေတာလဲ စက်မဟာတည်..... ရှင့် သားတွေ နောက်ကိုလိုက်လေ....."

ကားပေါ်က ဆင်းတာနဲ့ တွန်းလှည်းတွေထားတဲ့ဆီ ကလေး၂ယောက်က ပြေးသွားတာကြောင့် စက်မဟာတည်ကို လိုက်သွားဖို့ ရှင်မွေ့ ပြောရသည်။

ထိုတော့မှ စက်မဟာတည်က သူ့သားတွေနောက်ကို ပြေးလိုက်သွားလေသည်။

ကြီးကြီးမြကတော့ သူမတို့အဖြစ်ကိုကြည့်ပြီး သဘောကျစွာဖြင့် ပြုံးလေသည်။

"ရှင်မွေ့လေး .... အရင်လိုမဟုတ်တော့ဘဲ အခုလို ပြောင်းလဲသွားတာကို ကြီးကြီးမြဖြင့် အရမ်းသဘောကျတာပဲ ..... "

ကြီးကြီးမြရဲ့ ချီးကျူးစကားလေးကြောင့် ရှင်မွေ့ မချိပြုံးလေး ပြုံးလိုက်မိသည်။

"ခဏလေးသားတို့ .... ဒယ်ဒီ ထုတ်ပေးမယ်......"

တွန်းလှည်းတစ်ခုကို မရမကဆွဲထုတ်နေကြတဲ့ သားတွေဆီကို စက် သွားလိုက်ပြီး
တွန်းလှည်းတစ်ခုကို ဆွဲထုတ်ပေးလိုက်သည်။

တွန်းလှည်းလေးရလာတော့ သားလေးတွေက ပျော်ပြီး ခုန်ကြလေသည်။ စက်လဲ တစ်ချက်ပြုံးလိုက်မိသည်။

market ထဲ၀င်ကြတော့ သားလေး၂ယောက်ကအတူတူ၊ သူမနဲ့ ကြီးကြီးမြတို့က အတူတူမို့ စက်တစ်ယောက်ထဲ ငေါင်တောင်တောင်ဖြင့် စျေးတွန်းလှည်းကို တွန်းပြီး နောက်ကနေလိုက်ခဲ့ရသည်။

"ကြီးကြီးမြ .... ရှင်မွေ့တို့ ပင်လယ်စာရောင်းတဲ့ဆီကို အရင်၀င်ရအောင် "

"ကောင်းသားပဲ ရှင်မွေ့လေးရဲ့ .... ကျောက်ပုစွန်နဲ့ ကဏန်း၀ယ်မှာနော်....."

"ဟုတ်တယ် ကြီးကြီးမြ .....ဂဏန်းကတော့ အသားထုတ်ပြီးသားပဲ ၀ယ်လိုက်မယ် ကြီးကြီးမြ ....."

သူမနဲ့ ကြီးကြီးမြတို့ ကျောက်ပုစွန်ကြီးတွေရွေးနေချိန် စက်တို့သားအဖတွေက နောက်မှာပဲ ရပ်နေရသည်။

♥️ ထူးခြားသော လက်ထပ်ခြင်း ♥️Tempat cerita menjadi hidup. Temukan sekarang