အတန်းရဲ့ ခုံရှေ့တည့်တည့်မှ Strawberry Milk ဗူးလေးကိုင်ပြီးရပ်နေသော၁၇နှစ်အရွှယ်ကောင်လေးတစ်ယောက် ထိုကောင်လေးကတော့ ကင်ထယ်ယောင်း။
*ဟူးး ငါထည့်လိုက်ရမလား *
*ကင်ထယ်ထယ် တစ်ခါလောက်ကောင်းကောင်းလုပ်ကြည့်ရအောင် စီနီယာကို မင်းချစ်တယ်မှတ်လားဟုတ်တယ် ကောင်းကောင်းလုပ်ကြည့်ရမယ် Fight tin*
ထယ်ယောင်းတစ်ယောက်ရှေ့က ခုံထဲကို လက်ထဲက Strawberry Milk နဲ့ စာလေးတစ်ဆောင်ကို အမြန်ထည့်လိုက်သည်။ထယ်ယောင်းလဲ Strawberry Milkနဲ့စာကို ထည့်ပြီးရုံရှိသေး နောက်မှ လာပြီး ဆွဲယူခံလိုက်ရသည်။ဆွဲယူလိုက်တဲ့သူမှာ
'ကျွီ'
"ဂီ....ဂျောင်း...ဝူ"
"မင်းငါကို ကြိုက်နေတာလား"
"ဒါကို သောက်လိုက်ရင် မင်းနဲ့ငါအတွဲတွေဖြစ်သွားပြီမှတ်လား"
ဂျောင်းဝူ လဲဘီဒိုကိုဖွင့်လိုက်ပြိး Strawberry Milk ကိုကုန်အောက်သောက်လိုက်သည်။
*ဂီဂျောင်းဝူ -၁၇နှစ်*
ကင်ထယ်ယောင်းရဲ့အချစ်ဦး~~~~~~~~~~~~~~~~~~~
{ရက်၁၀၀ပြည့်တဲ့နေ့}" ဒီနေ့ငါတို့ရက်တစ်ရာပြည့်တဲ့နေ့ဆိုတာသိလား"
ထို့နောက် ထယ်ယောင်းတစ်ယောက် ဂျောင်းဝူအတွက်ပေးဖို့ပြင်ထားတဲ့လက်ဆောင်ကို ဂျောင်းဝူကိုပေးလိုက်သည်။
"ဒါကဘာလဲ"
"လက်ဆောင်"
" ကျန်သေးတယ်"
"စာမေးပွဲကြောင့်အလူပ်ရူပ်နေတာနဲ့ ငါမေ့သွားတယ်......ဝါး ဒီ ဖိနပ်ကို ငါတကယ်လိုချင်နေခဲ့တာ ဘယ်လိုသိတာလဲ"
"Instagram မှာ ဂျောင်းဝူတင်ထားတာတွေ့တယ်"
"ငါကတော့ ချစ်စရာကောင်းတဲ့ချစ်သူလေးကိုရထားတာပဲ ကွာ"
"ဟီး...ဆိုဒ်ရောကိုက်ရဲ့လား ဂျောင်းဝူ"
"အကိုက်ပဲ"
"အာ ဒါနဲ့ ထယ် ပြောအုံးမယ်"
"အွန်း ပြောလေ"
"ဖိနပ်လက်ဆောင်ပေးရင် အဲ့ဒီလူက ထွက်ပြေးတယ်လို့ ကြားဖူးတယ် ဒါစီးပြီးထွက်ပြေးလို့မရဘူးနော် "
YOU ARE READING
My School loves♡{ongoing}
Fanfiction"အူလည်လည်နဲ့ကောင်လေးတွေဆို ငါကသဘောမကျဘူး ကင်ထယ်ယောင်း ဒါပေမဲ့ မင်းကိုတော့ငါသဘောကျတယ်" *ဂျွန်ဂျောင်ဂု* "မင်းငါကိုသဘောမကျနဲ့ ဂျောင်ဂု ငါအချစ်ကိုမယုံတော့ဘူး" *ကင်ထယ်ယောင်း*