**အထက်တန်း ကျောင်းခန်းထဲတွင်🏫🏫
"ထယ်ယောင်း မင်းမျက်နှာတော်တော်ဆိုးနေတာပဲ ညကသောက်ရင်းသောက်ရင်းကနေမူးသွားတာလား နောက်ခါမသောက်နဲ့တော့ အရက်သမားဖြစ်လေ့မယ် ဒါလေးပဲသောက်"
ဂျီမင်းကျွန်တော်ကိုပေးတဲ့ Strawberry Milk ဗူးကြောင့် ဂျောင်းဝူကို Strawberry Milkပေးပြိး အဖြေပြန်ရခဲ့တဲ့အချိန်တွေကျွန်တော်ကိုအမှတ်ရစေသည်။ဒါတကယ်ကိုစိတ်ပျက်စရာပဲ။အတွေးထဲမျောနေစဉ် ကျွန်တော်ရဲ့ ခုံအရှေ့ကို ဟိုဂျူယောင်းရောက်လာပြီးလှောင်သလိုလို နှစ်သိမ့်သလိုလိုစကားမျိူးပြောတော့သည်။
"ရား မင်း ဂျောင်းဝူနဲ့သိတယ်မှတ်လား သူနဲ့ရင်းနှီးလား"
"ဘာကိုရင်းနှီးရမှာလဲ"
"ဟုတ်လား?..ငါကမင်းသူကိုကြိုက်နေတယ်ထင်တာ...ဒါဆိုဒါကိုပြလို့ရလား"
ထိုအခါဂျူယောင်းကသူရဲ့ဖုန်းကနေတစ်ဆင့်ကျွန်တော်ကို အရင်ကကျွန်တော်ဂျောင်းဝူကို ကြယ်တွေခေါက်ပြိးပေးတုန်းက ဟာနဲ့ ဖိနပ်ဝယ်ပေးတုန်းကပုံတွေကို ဂျောင်းဝူက သူရဲ့ igမှာတင်ထားတဲ့ပုံကိုပြလာသည်။
"ဘာလဲ ယောင်္ကျားလေးက ဒါမျိူးရတာလား ဂျောင်းဝူဆိုတဲ့ကောင်က ပိုင်းလုံးဖြစ်မယ်ထင်တယ်"
"ပိုင်းလုံး?"
"မင်းမသိခဲ့ဘူးလား သူကအလွယ်ရတဲ့ကောင်လေးတွေဆို အခွံဖြစ်တဲ့အထိအကုန်ယူတာမျိူးလေ ကြည့်ရတာအဆင့်အတန်းရှိသလိုလိုနဲ့ မင်းကမျက်မမြင်လား သူကအလိုလူမျိူးပါဆို သေချာမကြည့်ခဲ့ဘူးလား တကယ်ကိုသနားစရာပဲ သနားစရာ"
ကျွန်တော်လဲ ဂျူယောင်းပြောတာတွေကြောင့်ရင်ထဲစို့နစ်လာပြီး အတန်းပြင်သို့ပြေးထွက်လိုက်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
{first kiss}"ထယ်ယောင်းရေ အမေ့ကို ကြက်ကြော်သွားပို့ပေးပါအုံး"
"ဟုတ်ကဲ့ အမေ"
"ရော့ ဒါတွေ **Club ရှေ့ကိုသွားပို့ပေး"
"ဟမ် Club ရှေ့ကို"
"အေးလေ ဟုတ်တယ် ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး အမေရဲ့ သားသွားတော့မယ်"
*ကလပ်ရှေ့ရောက်သော*
YOU ARE READING
My School loves♡{ongoing}
Fanfiction"အူလည်လည်နဲ့ကောင်လေးတွေဆို ငါကသဘောမကျဘူး ကင်ထယ်ယောင်း ဒါပေမဲ့ မင်းကိုတော့ငါသဘောကျတယ်" *ဂျွန်ဂျောင်ဂု* "မင်းငါကိုသဘောမကျနဲ့ ဂျောင်ဂု ငါအချစ်ကိုမယုံတော့ဘူး" *ကင်ထယ်ယောင်း*