(Zawgyiနဲ့ကလေ ရေးရတာအဆင်မပြေလို့ အောက်မှာ ssလေးတွေနဲ့ပြထားပါတယ်နော်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
{အထက်တန်းစတက်ရမယ့် ပထမဆုံးနေ့}
Bus မှတ်တိုင်
*ဒိနေ့ အထက်တန်းပထမဆုံးစတက်ရမဲ့နေ့ပဲ ကောင်းကောင်းလူပ်ရအောင် ကင်ထယ်ထယ်*
'ကျွီ'
*ကားရောက်လာပြီ*
ထယ်ယောင်းလဲကဒ်ပ်လေးထုတ်ပြီး ကားပေါ်တက်လိုက်သည် ထို့နောက် ပိုက်ဆံပေးချေရန် နှိပ်လိုက်တဲ့အခါ တီတီတီနဲ့သာမြည်နေသည်။
*ဟမ် ဘာဖြစ်တာလဲ*
"မရဘူးထင်တယ် ဖယ်တော့"
"ဒုက္ခပါပဲ"
"သုံးယောက်စာပါ"
*အာ ငါအတွက်ပါရှင်းပေးတာပေါ့လေ ရုပ်ေလးချောသလိုအကျင့်လေးကလဲကောင်းလိုက်တာ ဟီးဟီး"
"ကျေးဇူးတင်ပါတယ်"
"သူနဲ့သုံးယောက်စာပါ"
"ဝါး ဂျောင်ဂု မင်းတကယ်ရှင်းလိုက်တာပဲ သူငယ်ချင်း ကျေးဇူး"
*ဟင် ငါကိုရှင်းပေးတာမဟုတ်ပဲ သူ သူငယ်ချင်းအတွက်လား အမယ်လေး အရှက်တွေတော့ကွဲပါပြီ ကင်ထယ်ရယ်*အာ ဒါနဲ့ သူ ကျောင်းဝတ်စုံက ငါတို့ကျောင်းဝတ်စုံပဲ*
"ကျောင်းသားလေး ပေးတော့လေ"
"ဟုတ်ကဲ့ ခဏလေးပါ"
*ဟူး မတက်နိုင်ဘူး ချေးပြီးပြန်ဆပ်လိုက်ရင်ရတာပဲလေ မသိတော့ဘူး ကြိုးစားကြည့်ရမှာပဲ*
ထို့နောက် ထိုသူရှိရာသို့ လျှောက်သွားလိုက်ပြီး
"ဟို...ဒိ..မှာ"
"?"
"ကျွန်တော် နောက်တစ်ခါပြန်ပေးမှာမို့လို့လေ ကဒ်ကိုတစ်ခါလောက်ဌားပါလား"
ဂျောင်ဂုလဲ မိမိရှေ့မှာ ကဒ်ဌားဖို့ပြောနေတဲ့ကောင်လေးကိုစေ့စေ့ကြည့်လိုက်သည်။
"မဌားချင်ပါဘူး"
ငိုမဲ့မဲ့လေးဖြစ်သွားပြီ ကားပေါ်ကနေဆင်းသွားလိုက်သည်။ အဟင့်...တစ်ခါလောက်ချေးလိုက်ရင်ဘာဖြစ်မှာမို့လို့လဲ ။ကင်ထယ်ထယ်ရေ မင်းတော့ ကျောင်းစတက်မဲ့နေ့ထဲက ပြသာနာတွေနဲ့တွေ့နေတော့တာပဲ။ အခုတော့လမ်းလျှောက်သွားရတော့မှာပဲ။
YOU ARE READING
My School loves♡{ongoing}
Fanfiction"အူလည်လည်နဲ့ကောင်လေးတွေဆို ငါကသဘောမကျဘူး ကင်ထယ်ယောင်း ဒါပေမဲ့ မင်းကိုတော့ငါသဘောကျတယ်" *ဂျွန်ဂျောင်ဂု* "မင်းငါကိုသဘောမကျနဲ့ ဂျောင်ဂု ငါအချစ်ကိုမယုံတော့ဘူး" *ကင်ထယ်ယောင်း*