Successive Life
Part (05)
ပြောပြီးခေါင်းလေး ငုံသွားတဲ့ ဒီပါ ဦးကာအသံကြောင့် လန့်ပြီးမော့ကြည့်တော့ ဒေါသထွက်နေတဲ့ ဦးကာရဲ့ပုံစံ ကြောင့် ကြောက်လန့်သွားကာ
" သား တောင်းပန်ပါတယ်။ အဖေတို့ကို ပြန်မပြောပါနဲ့။ နော် ဦးငယ်နော်။ "
ဦးကာ ဘာမှ မပြောပဲ တောက်ခေါက်ကာ လှည့်ထွက် သွားတာမို့ ဒီပါ အရမ်းဝမ်းနည်းကာ အခန်းထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ပါတော့တယ်။
ဟုတ်တာပေါ့ မြင့်မိုရ်ရယ် ငါမင်းကို ချစ်မိရင် ဒါတွေကို ရင်ဆိုင်ရတော့မှာပေါ့ကွာ။
ကျောင်းတွေပြန်ဖွင့်လို့ အဆောင်ပြန်ဝင်တော့ ဒီပါနဲ့ မြင့်မိုရ် တစ်ညလုံး စကားတွေပြောမကုန်ကြတော့ပေ။
ဒီပါက မြင့်မိုရ်ကုတင်ပေါ် လာကာ မြင့်မိုရ်ကို ခွထားပြီး ပြောနေကြတာပါ။ မြင့်မိုရ်က
" အိပ်တော့မယ်ကွာ ၂ နာရီခွဲနေပြီ မင်းလဲအိပ်တော့။ "
" ဒီတိုင်းလေး ခနငြိမ်ငြိမ်လေး နေဦးမယ်ကွာ။ နော် နော် နော် နော် ခနပဲ။ "
ပက်လက်လှန်ထားတဲ့ မြင့်မိုရ်ကို ပေါင်တစ်ခြမ်းတင် ခွထားပြီး လက်တစ်ဖက်က ရင်ဘတ်ပေါ်တင်ထားတာ ဒီပါလေ။ ငြိမ်နေရာကနေ ဒီပါ့လက်တွေ ဖြေးညင်းစွာနဲ့ ရွေ့လာတော့ မြင့်မိုရ်က လက်ကို စုပ်ကိုင်ထားလိုက် မိပါတယ်။ အသက်ရှုသံနဲ့ ရင်ခုန်သံတွေ မြန်ဆန်နေကြပြီလေ။
ဒီပါ့ မျက်နှာက မြင့်မိုရ်ရဲ့ လည်ပင်းနား ကပ်နေတာမို့ မြင့်မိုရ်လည်ပင်းမှာ ဒီပါ့ဝင်သက်ထွက်သက်တွေ ကြွ်ဆင်းလို့နေလေရဲ့။ မြင့်မိုရ်ရဲ့ ဝမ်းဗိုက်တို့ကလဲ သိသာစွာ နိမ့်ချည်မြင့်ချည် ဖြစ်လို့နေပါပြီ။
" အိပ်တော့မယ်ကွာ နော် ဒီပါ။ "
ဒီပါ့လက်ကို စုပ်ကိုင်ထားရင်း ညင်သာစွာပြောလိုက်တဲ့ မြင့်မိုရ် အသံက အနည်းငယ် တုန်ရီနေသလိုပါပဲ။
" မြင့်မိုရ်။ "
" အင်း.....။ "
" ငါမင်းနဲ့ ဒိညတော့ အတူအိပ်ပါရစေနော်။ တအားကို လွမ်းထားရ လို့ပါကွာ နော်။ "
YOU ARE READING
Successive Life (Remixed)
Romanceကောင်လေးနှစ်ယောက်ရဲ့ ဘဝ အဆက်ဆက် ရေစက်လေးရယ်၊ သူတို့နစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ် အဖြစ်အပျက်လေးတွေနဲ့အတူ လက်ရှိဘဝမှာ သူတို့ ရေစက်ဆုံနိုင်မလားဆိုတာ စောင့်မျှော်အားပေးကြပါဦးခမျ။