Successive Life
Part (06)
ဖုန်းပြောရင်းက အသံတွေက အခြေအနေကောင်းပုံ မပေါ်တာမို့ မြင့်မိုရ် စိတ်ပူနေမိပါတယ်။ ဒီပါ ဖုန်းချတာနဲ့……
" ဘာတွေ ဖြစ်တာလဲဟင် ဒီပါ။ စိတ်အေးအေးထား နော်။ "
" မထားဘူးကွာ။ ကျောင်းလဲ မတက်ချင်တော့ဘူး။ အီး ဟီး ဟီး အင့် ……။ "
'ဒီပါက မြင့်မိုရ်ကို ဖက်ငိုချလိုက်တာမို့ မြင့်မိုရ်လန့်ဖြန့်ကာ ပြန်ပြီး ပွေ့ဖက်ထားလိုက်သလို ကျောကိုလဲ ပွတ်သပ် ပေးနေမိပါတယ်။
" ငို …. ငို ဒီပါ။ ပြီးမှ အေးဆေးပြောနော် သူငယ်ချင်း။ "
ဒီပါ အတော်လေး ငိုလို့ဝတော့မှ မြင့်မိုရ်ကို
" ကျောင်းစတက်တဲ့ နေ့ကစပြီး ကောင်မလေး တစ်ယောက်ကို နေ့တိုင်း အပို့အကြိုလုပ်ပေး ရမယ်တဲ့။ ပြီးရင် ကျောင်းမှာလဲ သူနဲ့ပဲ တွဲရမယ်တဲ့။ ဒီနှစ်ပြီးတာနဲ့ ငါနဲ့ပေးစားမှာတဲ့ အင့် အီး…….။ အ့လို မလုပ်ချင်ရင် ခုအိမ် ပြန်လာတော့တဲ့။ ဘာမှလဲ မေးလို့မရဘူး။ ချက်ခြင်းကြီး ငါဘယ်လို လုပ်ရမလဲ ဟင် မြင့်မိုရ် ပြောပါဦး ငါ့ကို….။ "
" ခနလေး။ ခနလေး ဒီပါ။ ခုလိုဖြစ်တာ ခိုင်လုံတဲ့ ကိစ္စ တခုခုတော့ ရှိရမယ်။ မင်း ဘာဖြစ်မယ် ထင်လဲ ဒီပါ။ "
" ဦးကာများ အိမ်ကိုပြောလိုက်တာလား မသိဘူး။ "
" လောလောဆယ်တော့ ဒိတိုင်းပဲ နေလိုက်ပါ။ ငါတို့ တူတူနေနေရဖို့ အရေးကြီးတယ်လေ နော် ဒီပါ။ "
" ငါ စော်နဲ့မတွဲ ချင်ဘူး။ မင်းနားမှာပဲ နေချင်တာ။ "
" အေးပါကွာ။ ငါတို့ ဖြေးဖြေးချင်း စဉ်းစားတာပေါ့ နော်။ "
သူတို့ တစ်ယောက်ကို တစ်ယောက် တင်းနေအောင် ဖက်ထား လိုက်မိပါတော့တယ်။
" ငါတို့ကျော်ဖြတ် နိုင်မှာပါ ဒီပါရယ်။ ငါရှိပါတယ်။ "
" ငါ မင်းကို အရမ်းချစ်တယ် မြင့်မိုရ်။ "
" ငါကလည်း ငါ့ဘဝထက် မင်းကို ပိုပါတယ် ဒီပါရယ်။ "
နောက်နေ့ ကျောင်းတက်တော့ ဒီပါက သူ့အိမ်ကပြော ထားတဲ့ ကောင်မလေးနဲ့ အတူ သွားရပြီး မြင့်မိုရ်ကတော့ တစ်ယောက်ထဲပါပဲ။ စိတ်ကတစ်နေကုန် နေမထိထိုင် မသာ ဖြစ်နေရ ပါပြီ။ ဒီအချိန်သူ ကောင်မလေးနဲ့ ဘာတွေ လုပ်နေမလဲ ဆိုတဲ့ အတွေးတွေနဲ့ပေါ့။
ESTÁS LEYENDO
Successive Life (Remixed)
Romanceကောင်လေးနှစ်ယောက်ရဲ့ ဘဝ အဆက်ဆက် ရေစက်လေးရယ်၊ သူတို့နစ်ယောက်ရဲ့ ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ် အဖြစ်အပျက်လေးတွေနဲ့အတူ လက်ရှိဘဝမှာ သူတို့ ရေစက်ဆုံနိုင်မလားဆိုတာ စောင့်မျှော်အားပေးကြပါဦးခမျ။