P (04)

437 23 2
                                    

Successive Life

Part (04)

" မြင့်မိုရ်။ မင်းငါ့ဘက်ကို လာအိပ်မလား? ငါမင်းဘက် ကို လာအိပ်ရမလား? တခုတော့ရွေးကွာ။ "

" အမ်။ မင်းပဲလာခဲ့လေ။ ကုတင်ပေါ်တော့မရဘူး။ အိပ်ချင်သပ့ဆို ကုတင်အောက်ဝင်အိပ်။ "

" ဟား ဟား….။ ငါက မင်းကိုဖက်ပြီး အိပ်ချင်တာကွ။ "

" မင်းကခြောက်နေတာလား? ဟင် ဒီပါ။ ငါကတော့လုံးဝ မခြောက်တာ သေချာတယ်။ မင်းကိုမယုံရတော့ဘူး။ "

" မအိပ်ချင်လဲနေကွာ။ ဘောပဲ။ အိပ်တော့မယ်ကွကို။ "

အဲ့လိုနဲ့ အိပ်ပျော်ကုန်ကြပြီး မြင့်မိုရ် တစ်ရေးနိုးတော့ ရှုးပေါက်ချင်တာ အောက်ထပ်ကိုလဲ မဆင်းချင်ဘူး။ ဒါနဲ့ ဘူးလိုက်ရှာတော့ သူတို့ကုတင်နှစ်ခုကြားက စားပွဲရဲ့အောက်မှာ ရေသန့်ဘူးတစ်ဘူး တွေ့ပါပြီ။

လှုပ်ကြည့်လိုက်တော့ အနည်းငယ်သာ ကျန်တာမို့ မထူးဘူးဆိုပြီး အဖုံးလေး ဖွင့်ကာခေါင်းကိုသေချာတေ့ပြီး ဇိမ်ခံကာ ပေါက်ချ လိုက်ပါတော့တယ်။

ဒီပါ မနက်မိုးလင်းတော့ အိပ်ချင်မူးတူးနဲ့ ထလာကာ ရေသောက်မလို့ လုပ်ပြီးမှ မနေ့က ဖျော်ထားတဲ့ ဓါတ်ဆားဘူးကို သတိရကာ ကြည့်လိုက်တော့ အတော်ကို ကျန်နေသေးတယ်။

" ငါမနေ့က သောက်တာကုန်ပြီ မှတ်နေတာ အတော် ကျန်သေးတာပဲ။ "

စားပွဲအောက်က ဘူးကိုယူကာ အဖုံးကိုဖွင့်နေစဉ်မှာပဲ အခန်းတံခါးခေါက်သံ ကြားလို့ ဖွင့်ပေးလိုက်တော့ မြင့်မိုရ်နဲ့ တစ်ရွာထဲ သူငယ်ချင်း ဇော်ဇင်မင်း ။

" အဲ့ကောင် ခုထိ မထသေးဘူးမလား? ဒိနေ့ကျောင်း ပိတ်လို့ ဈေးသွားပါမယ်ဆို။ ဟေ့ကောင် မြင့်မိုရ် ထ။ " 

ဇော်ဇင်မင်းက မြင့်မိုရ် ကုတင်မှာ ဝင်ထိုင်ကာ မြင့်မိုရ် ကိုလှုပ်နှိုး နေတာမို့ ဒီပါလဲ ကို့ကုတင်ကို ထိုင်ခါ ရေဘူး ကိုမော့ချလိုက်စဉ်

" ဘူး ဖူးရူး ဝေါ့။ "

ပါးစပ်ထဲက ရေတွေက ဒီပါရှေ့တည့်တည့်မှာ ထိုင် နေတဲ့ ဇော်ဇင်မင်း မျက်နှာပေါ်သို့ ရောက်ကုန်၏။ ဇော်ဇင်မင်း မျက်နာပေါ်က နံကျိကျိငံကျိကျိအရည်တွေကို လက်နဲ့သုပ်ပြီးချိန် မှာပဲ

Successive Life (Remixed)Onde histórias criam vida. Descubra agora