part8

855 24 1
                                    

"မေမေ..မငိုပါနဲ့တော့နော်...."

"သမီးလေးရယ်..

ယောကျာ်းဖြစ်သူအကြောင်း
စဉ်းစားရင်း
သမီးဖြစ်သူကိုလည်းကြည့်မိကာ။
ထိုယောကျာ်းကိုကွာရှင်းလိုက်ရင် သူမသမီးမှာလည်း အဖေမဲ့ဆိုတာဖြစ်တော့မည်။
မကွာရှင်းပြန်တော့လည်း
ထိုယောက်ျားရဲ့နှိပ်စက်မှုကိုခံရမည်။
သူဘာလို့ဒီလောက်ပြောင်းလဲသွားလဲဆိုတာစဉ်းစားမရပေ။
သူတို့နှစ်ယောက်ရည်းစားဘ၀တုန်းကတခြားမိန်းကလေးတွေကိုကြည့်ဖို့နေနေသာသာ
သူမကိုဘဲအချိန်တိုင်းဂရုစိုက်ခဲ့ပြီး
သူမကိုရိုက်ဖို့စဉ်းစားမစဉ်းစားခဲ့တဲ့သူ။ သူ့အလုပ်ကိုသာ
ဒီဇိုင်းမတ်မတ်လုပ်ရင်းသူမကိုဂရုစိုက်ပေးခဲ့ပြီး။
ခေါင်းထဲမှာအလုပ်နဲ့သူမကလွဲ၍ကျန်တာမရှိ။

***********
ထိုညကတော့ သားအမိနှစ်ယောက်လုံး ငိုရင်းနဲ့သာ။

*****************
"ကလေးငယ်
ဘာလို့များမင်းကျောင်းမလာတာလဲ....

ဘယ်လာ့ကိုဒီနေ့ကျောင်းမှာ
မတွေ့တော့ Ethanတစ်ယောက်
ငူငိုင်နေမိတယ်။

"ကျစ်!

Ethanလည်းစိတ်မရှည်တော့တာနဲ့
ဘယ်လာ့အိမ်ဘက်ကိုသာ
ထွက်လာခဲ့တယ်။

"ဆရာ...

"အန်တီ..ဘယ်လာရှိလားဗျ
သူဒီနေ့ကျောင်းမလာလို့"

"ဟုတ်တယ်ဆရာရဲ့
သူနေမကောင်းလို့"

"ဗျာ?!
မနေ့ကအကောင်းကြီးကိုလေ"

တကယ်နေမကောင်းဖြစ်တဲ့
မင်းထက်
မင်းကိုချစ်နေရတဲ့ကိုယ်က
ပိုပြီးနာကျင်ရတယ်
ကလေးရယ်။

"ဘာဆေးတိုက်ထားလဲ
ဘယ်လာ့ကို

"မနက်ကဆေးခန်းပြထားပါတယ်ဆရာ"..

"ကျွန်တော်ဘယ်လာကို
ကြည့်လို့ရမလား.."

"ဒါပေမဲ့ ဆရာစာသင်စရာမရှိဘူးလား.."

အမြဲတမ်းဘယ်လာ့ကိုအရိပ်တကြည့်ကြည့်ဖြစ်နေတော့
ရိုးတောင်ရိုးရဲ့လားလို့ အမေဖြစ်သူတွေးမိသေးတယ်။

သမီးဖြစ်သူနဲ့အသက်အရွယ်
အရမ်းကွာဟတော့
သိပ်မပတ်သတ်စေချင်တာအမှန်ပင်။

Her!Where stories live. Discover now