ဦးဂျွန်

2K 138 5
                                    

"ဦးဂျွန်"

"အင့်"

ဂျောင်ကုဆိုဖာပေါ်ထိုင်ရင်း ကွန်ပြူတာ တစ်လုံးနဲ့အလုပ်ရှုပ်နေစဉ်ကလေးငယ်ဟာသူ့ပေါင်ပေါ်ခွထိုင်လာကာ ခြေထောက်တွေကိုလည်း သူ့ခါးတွင်ချိတ်တွယ်လာကာ သူ့လည်ပင်းကနေသိုင်းဖက်လာတာကြောင့် သူ့မှာကွန်ပြူတာကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ရသည်။

"ဆော့ဂျင်ဘာလုပ်တာလဲ ကိုယ်အလုပ်လုပ်နေတယ်လေ"

"ဘာလဲ ဦးဂျွန်က ကျွန်တော့်ကိုမချစ်ဘူးလား"

"ဘယ်လိုပြောလိုက်တာလဲ ကိုယ်ကဆော့ဂျင်ကိုချစ်လို့လက်ထပ်ထားတာလေ"

ဂျောင်ကုသူ့လည်ပင်းကိုသိုင်းဖက်ထားတဲ့လက်တွေကိုဆွဲယူကာသူနဲ့မျက်နှာချင်းဆိုင်စေလိုက်သည်။

ပြွတ်စ်.....

ထိကပ်ရုံလေးတစ်ချက်နမ်းလိုက်ပြီး.....

"ကဲ....ပြောပါဦး ဘာလိုချင်လို့လဲ"

"ဟို....မနက်ဖြန်အပြင်ကိုလျှောက်လည်ရအောင်"

"မနက်ဖြန်"

"အင်း"

ဆော့ဂျင်ဂျောင်ကုရဲ့အမေးကိုခေါင်းငြိမ့်ပြန်ဖြေကာ လည်ပင်းကိုတစ်ချက်စုပ်ယူကာနမ်းရှိုက်လိုက်သည်။

ပြွတ်စ်

ဒါဟာဦးဂျွန်ကိုကျွန်တော်ချုပ်တဲ့နည်းလမ်းထဲကတစ်ခုပင်။

"ကလေးငယ် ကိုယ့်ကိုလာစွဲဆောင်နေတာလား"

"ပြော...ဦးဂျွန်မနက်ဖြန်လိုက်ပို့မယ်မလား"

ဂျောင်ကုကဆော့ဂျင်စကားကိုမသိဟန်ဆောင်ကာ တစ်ခုခုကိုတွေးတောနေပြန်သည်။

"မနက်ဖြန် နိုင်ငံခြားဧည့်သည်တွေနဲ့ အရေးကြီးတဲ့အစည်းအဝေးရှိ"

"တော်ပြီ.....ဦးဂျွန် ကျွန်တော့်ကိုလာမခေါ်နဲ့"

ကျွန်တော်စိတ်ကောက်ကာ ဦးဂျွန်ပေါင်ပေါ်ကဆင်းဖို့လုပ်တော့ ကျွန်တော့်ကိုလက်မောင်းရင်းကနေ ပြန်ဆွဲလိုက်ပြီး ဦးဂျွန်ကသူ့ပေါင်ပေါ်တွင်တင်ပလွဲပြန်ထိုင်စေကာ ကျွန်တော့်ရဲ့ခြေတံသွယ်သွယ်တွေကို လက်နဲ့ကိုင်ကာ ဦးဂျွန်ကချုပ်လာပြန်တာကြောင့်သူ့မှာမလူးသာမလွန့်သာ။

Jinkook (One Short Collection)Donde viven las historias. Descúbrelo ahora