အခန်း(၆၉၆)

392 54 2
                                    

အခန်း(၆၉၆)

ပြီးပြည့်စုံသော စုံတွဲ.. ယဲ့ရှီး(၂)







Han Yunxi မှာ သံလိုက်အား ထုတ်ယူလိုက်သည်နှင့် သူတို့နောက်မှ လေထဲတွင် ပျံဝဲနေသော ဓားမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် သူတို့ဆီသို့ တိုးဝင်လာလေသည်။ ထိတ်လန့်သွားသော Long Feiye မှာ လမ်းမှ ရှောင်ထွက်ကာ မေးလိုက်သည်။ "Han Yunxi… ဘာဖြစ်နေတာလဲ။"

"ဒါက ဆန့်ကျင်ဘက် သံလိုက်ဝင်ရိုးဖြစ်နိုင်တယ်။" Han Yunxi  ရေရွတ်ရင်း ပြန်ဖြေလိုက်သည်။ 

တစ်ချိန်တည်းမှာပင် သခင်မ Leng Yue မှာ သူတို့၏ရှေ့သို့ အလျင်စလို ထိုးနှက်တိုက်ခိုက်လာသည်။ ဓားနှစ်ချောင်း၏ အစွန်းမှာ Long  Feiye အား ထိုးမိလုနီးပါးတွင် Han Yunxi  မှာ သူမ၏လက်ထဲမှ သံလိုက်အား ရုတ်တရက် လှန်လိုက်လေသည်။ သူတို့၏ နောက်ရှိ ဓားမှာ ချက်ချင်းပင် လေထဲတွင် ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအချိန်တွင် သခင်မ Leng Yue ၏ လက်ထဲရှိ ဓားမှာ ဟန်ချက်ပျက်ကာ သူမ၏လက်ထဲတွင် တုန်ယင်လာသည်။ အကယ်၍ သူမက တင်းကျပ်စွာ ကိုင်ထား၍ မဟုတ်လျှင် ၎င်းမှာလည်း မြေပေါ် ပြုတ်ကျသွားနိုင်လေသည်။

ဒါက ဘယ်လိုဖြစ်နိုင်မလဲ။

အရာအားလုံးမှာ လျင်မြန်စွာ ဖြစ်ပျက်လာသဖြင့် သခင်မ Leng Yue ၏ မျက်နှာတွင် အောင်ပွဲ၏ အပြုံးအား ဝတ်ဆင်ထားဆဲ ဖြစ်သည်။သူမ၏အမူအရာမှာ အေးခဲနေပြီး ရက်စက်ကြမ်းကြုတ်နေဟန်တူသည်။ သူမက သံဓားများနှင့် တိုက်ခိုက်ရချိန်တွင် ဓါးနှစ်ချောင်းညီမျှခြင်းအား အသုံးမပြုသော်နိုင်လည်း အခြားမည်သည့်ပြိုင်ဘက်မှ သူမဓားသွားများ၏ လျှို့ဝှက်ဆန်းကြယ်မှုအား မချိုးဖျက်ခဲ့ပေ။ Long Feiye မှာ မည်သည့်ကိစ္စမှ မလုပ်ဆောင်ပဲ သူမ၏ ဓားများအား မည်သို့ အနိုင်ယူခဲ့သနည်း။

တစ်ဖက်တွင်တော့  Han  Yunxi  မှာ အောင်ပွဲခံနေလေသည်။ သူမ၏ အလောင်းအစားမှ အနိုင်ရသွားသည်အား သိနေသည်။ သံလိုက်ကဲ့သို့သော အရာများမှာ အတိတ်တွင် မရှိခဲ့သော်လည်း သဘာဝအလျောက် သံလိုက်များ ရှိနေဆဲ ဖြစ်သည်။ သူမ၏လက်ထဲတွင် တစ်ခုမှာ ကွဲအက်နေသော အာရုံကြောများအား သက်သာစေရန်နှင့် အသည်းအတွင်းရှိ ယန်ဓါတ်အား  ထိန်းညှိရန်အတွက် အသုံးပြုသော တရုတ်ဆေးအမျိုးအစားဖြစ်သည်။ ၎င်းမှာ အကြားအာရုံနှင့် အမြင်အာရုံ ရှင်းလင်းစေရုံသာမက အသက်ရှူခြင်းအားလည်း ထိန်းညှိပေးသည်။ ထို့အပြင် ဖြစ်နိုင်ချေရှိသော အဆိပ်များနှင့် ၎င်းတို့၏ အဆိပ်ဖြေဆေးများအတွက် ပါဝင်ပစ္စည်းအဖြစ်လည်း နှစ်ဆ အသုံးပြုနိုင်သည်။ ၎င်းမှာ လူနာများ၏ အသက်အား ကယ်တင်ရန်အတွက် အပ်များ ဆွဲထုတ်ရာတွင်လည်း အသုံးဝင်သည်။ အတိတ်တွင် အရိပ်အစောင့်များမှ အဆိပ်အပ်များကြောင့် ဒဏ်ရာရခဲ့ချိန်တွင် သူမက ဤသံလိုက်အား အသုံးပြုကာ အပ်များအား ဖြည်းညှင်းစွာ ဆွဲထုတ်ခဲ့သည် ။ ထိုအခြေအနေများတွင် ခွဲစိတ်ကုသရန်မလိုအပ်ပေ။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် Book 4 Where stories live. Discover now