အခန်း(၇၇၇)

335 44 6
                                    

အခန်း(၇၇၇)

ဒီအဘိုးကြီးက မင်းအမေနဲ့ သန့်ရှင်းတဲ့ ဆက်ဆံရေးရှိတယ်။







Gu Yuntian ၏မေးခွန်းများအား ရင်ဆိုင်ရလျှင် Han Yunxi မှာ သူမ၏ကိုယ်ပိုင်မျက်နှာဖုံးအား ချွတ်ကာ သူမ၏အထောက်အထားကိုပြောပြပြီးနောက် သူ့အား ကျိန်ဆဲချင်နေသည်။ သို့သော် ၎င်းမှာ မည်သည့်အရာမှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထိုကြောင့် သူမက နှိမ့်ချနေရမည်။ Gu Qishao ၏ အဆင့်အတန်း အား အတည်မပြုရသေးသော်လည်း ဆေးမြို့တော်တွင် အဆိပ်ဂိုဏ်းနှင့်  သူမ၏ ပတ်သက်ဆက်နွှယ်နေမှုအပေါ်တွင်  မေးတင်ထားသည်။အကယ်၍ ယခုတွင် သူမကိုယ်တိုင် ထုတ်ဖော်ခဲ့မည်ဆိုလျှင်၊ Gu Qishao မှာ သူ၏သွေးကို စမ်းသပ်ရန် မလိုအပ်တော့သကဲ့သို့ Gu Beiyue မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုအတွက် ပြိုင်ပွဲတွင် ပါဝင်ရန် လိုအပ်မည်မဟုတ်တော့ပေ။ သူတို့အားလုံးကို ထုတ်ပယ်ခြင်း သို့မဟုတ် မောင်းထုတ် ခံရခြင်း ဖြစ်လိမ့်မည်။ 

သူမ၏ စိတ်ဆန္ဒများအား ဖိနှိပ်ကာ Han  Yunxi မှ  သူမ၏ အသံကို အက်ရှစွာ ပြောလိုက်သည်။ "ကျွန်မ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး။ သင်တန်းကျောင်းကျောင်းအုပ်ကုက ဆက်ဆံရေးကို အရင်စစ်ဖို့ သွေးစစ်သင့်တယ်။” သူ၏ အာရုံအား ရှုပ်ထွေးသွားစေရန် သူမက ထပ်ပြောလိုက်သည်။ “သင်တန်းကျောင်းကျောင်းအုပ်ကုက ဝံ့ရဲရင်ပေါ့။”

Gu Yuntian မှာ သူမအား မထီမဲ့မြင်ဖြင့် ကြည့်လိုက်သော်လည်း သောင်းကျန်း မနေတော့ပေ။ "တစ်ယောက်ယောက်လာ.. ဓားတစ်ချောင်းယူလာ။" 

သူက အင်္ကျီလက်အား လိပ်တင်ကာ  လူတိုင်းမြင်နိုင်စေရန်  လက်ချောင်းအား လှီးဖြတ်လိုက်သည်။ 

ဒီအဘိုးကြီးက တကယ်မကြောက်ဘူးလား။

Han  Yunxi  မှာ စိတ်မသက်မသာဖြစ်လာသည်။သူမက တည်ငြိမ်နေပုံရသော အပြုံးဖြင့် Gu Qishao အား တစ်ချက်ကြည့်လိုက်သည်။ 

Gu Yuntian… ရှင့် ရဲ့ယုံကြည်မှုကို ဘယ်ကရလာတာလဲ။

Han Yunxi နှင့် Gu Qishao နှစ်ယောက်လုံးမှာ မသေချာမရေရာ ခံစားရနေချိန်တွင် Gu Yuntian မှာ Gu Qishao ပြီးနောက် သူ၏သွေးများအား ဇလုံထဲသို့ စိမ်နေပြီဖြစ်သည်။ ဇလုံအား စင်ပေါ်ရှိ စားပွဲပေါ်တွင် တင်ထားသည်။ စင်အောက်မှ ပရိသတ်အားလုံးမှာ ရှေ့တိုးလာကာ ရလဒ်အား မျက်စိဖြင့် မြင်ချင်ကြနေသော်လည်း မည်သူကမှ မဝံ့ရဲကြပေ။ Han Yunxi မှာ ရလဒ်များမှာ မည်သို့မည်ပုံ ဖြစ်လာမည်အား အချိန်အတော်ကြာ သိထားသော်လည်း  စိုးရိမ်နေဆဲပင်။ သူမက ရေအား စူးစူးစိုက်စိုက်စိုက်ကြည့်ရင်း တစ်စုံတစ်ယောက်မှ ဝင်ရောက်စွက်ဖက်လာမည်အား စိုးရိမ်နေသည်။ ထိုအချိန်တွင်၊ Gu Qishao နှင့် Gu Yuntian နှစ်ဦးစလုံးသည်  မျက်လုံးများ အောက်စိုက်ကာ တိတ်ဆိတ်နေခဲ့သည်။ 

အဆိပ်ပါရမီရှင် ကြင်ယာတော် Book 4 حيث تعيش القصص. اكتشف الآن