အခန်း(၆၃၇)

460 65 2
                                    

အခန်း(၆၃၇)

မရီး… ဆေးရှိလား။






Ning Cheng မှာ ဒေါသ ထွက်နေဆဲဖြစ်ကာ Ning Jing ၏ စကားများမှာ သူမ၏ မျက်နှာအား ကျယ်လောင်စွာ ရိုက်ခံလိုက်ရတော့သည်။ "နင်က နင်မျိုးနွယ် ရဲ့ လုပ်ငန်းကို ဘယ်အချိန်ကတည်းက တာဝန်ယူခဲ့တာလဲ။"

အကယ်၍  သူက ထန်နှင့် သူတို့၏ မျိုးနွယ်အား ထိမ်းမြားခြင်းမှ မပူးပေါင်းချင်တောင်မှ ဤကိစ္စအား သင့်တော်သလို ကိုင်တွယ်ဖြေရှင်းနိုင်ဆဲပင်။ သို့ရာတွင် ထိုသို့သော အရှုပ်အထွေးမှာ တစ်ညတည်းဖြင့် ပေါ် ပေါက်လာပြီးနောက် တိမ်တိုက်နယ်ပယ်ကုန်သွယ်ရေးလုပ်ငန်းစုမှာ ဂုဏ်သိက္ခာကျဆင်းရတော့မည်။ ၎င်းမှာ Ning Jing ကိုယ်တိုင်အတွက် စိတ်ပူစရာမဟုတ်တော့ပဲ လုပ်ငန်းစုကြီးတစ်ခုလုံး သို့မဟုတ် နင်မျိုးနွယ် တစ်ခုလုံး၏ ကိစ္စပင်။ 

Ning Jing မှာ ပူလောင်နေသော ပါးပြင်အား ထိလိုက်သည်။ နာကျင်နေသော်လည်း သူမက ခေါင်းမငုံ့ပဲ အစ်ကိုဖြစ်သူအား မျက်နှာချင်းဆိုင်လိုက်သည်။သူက ဒီမျိုးနွယ် နင်မိသားစု၏ အကြီးအကဲဖြစ်ကာ ငယ်စဉ်ကပင် သူမက ကြောက်ရွံ့ခဲ့ရသော လူတစ်ယောက်ဖြစ်သည်။ သို့တိုင် ဤတစ်ကြိမ်တွင် သူမက တစ်လက်မပင် အလျော့ပေးရန် ငြင်းရမည်။ သူမ၏ အပျိုစင်ဘ၀မှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ နောက်ပြန်ဆုတ်ရန် နေရာမရှိတော့ပေ။

"အစ်ကိုကြီး.. ဒါ ဘာကိုဆိုလိုတာလဲ။" သူမက  အေးစက်စွာ မေးလိုက်သည်။

Ning Cheng မှာ တိတ်ဆိတ်နေပြီးနောက် သူမအား အဖြေတစ်ခုပေးလိုက်လေသည်။ “သစ်တော်ပန်းမိုးဖွဲအပ်..”

၎င်းမှာ ထန်မျိုးနွယ်၏ နံပါတ်နှစ် ရတနာပင်။ ပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရန်ပင် လုံလောက်သော်လည်း Tang  Li  မှာ လက်နက်အား အကုန်သုံးထားပြီဖြစ်ကြောင်း မည်သူမှ မသိထားကြပေ။ Ning Cheng ၏ အဓိပ္ပါယ်မှာ ရှင်းလင်းနေသည်။ သူက ထန်မျိုးနွယ်မှ တောင်းပန်မှု အနေဖြင့် သစ်တော်ပန်းမိုးဖွဲအပ်အား အလိုရှိနေသည်။ ထို့နောက် နင်မျိူးနွယ်နှင့် ဖာထေးမည်။

ဒါဆို ငါ့ရဲ့ အပျိုစင်ဘ၀က လုပ်ကြံရေးလက်နက်တစ်ခုလောက်ပဲ တန်တာလား။

အဆိပ်ပါရမီရှင် ကြင်ယာတော် Book 4 Onde histórias criam vida. Descubra agora