• 𝗅𝗂𝗍𝗍𝗅𝖾 𝗇𝗎𝗋𝗌𝖾 •

3.9K 219 73
                                    

ဒုန်း!!!!

"ထွက်သွားကြ!!!"

"ဟင့်"

မျက်နှာကိုဆေးထည့်ပေးနေသော nurse မလေးမှာ တုန်တုန်ယင်ယင်နဲ့ ငိုကာထွက်သွားသည်။ စာမဖွဲ့လောက်သောအနာလေးကို ဖြစ်ပျက်နေလိုက်တာ။ ကင်မ်ဆော့ဂျင်တို့က အိပ်နေသလောက်ပဲရှိတယ်။

"ဘာဖြစ်လာတာလဲ"

တစ်အင့်အင့်ငိုနေသော ဟာယောင်းကို မေးတော့ မျက်ရည်တွေသုတ်ပြီး

"လူနာ အော်လွှတ်လိုက်လို့"

"ဟမ်!!"

"ဟုတ်တယ် ဆေးရုံအုပ်သားဆိုပြီး မာန်တက်နေတာ သူ့အဖေက တစ်မျိုး သူကတစ်မျိုးနဲ့ ရူးချင်လာပြီ"

ဘေးကလူတွေက ဘာလုပ်ရမလဲမသိ။ ဂျောင်ကု တစ်ခြားသူတွေကိုကြည့်တော့ မသိချင်ယောင်ဆောင်ကာ မျက်လုံးတွေတောင်ကြည့်မြောက်ကြည့်နဲ့ရှောင်ထွက်သွားကြသည်။ ဆေးရုံအုပ်သားဆိုတော့ မကုပေးလိူ့ကလည်းမဖြစ်။

"ငါသွားလိုက်မယ် ပေး"

ဟာယောင်းမှာ ဝမ်းသာအားရနဲ့ ပစ္စည်းတွေ ထိုးထည့်ကာ ကော့ကော့ ကော့ကော့နဲ့ထွက်သွားသည်။ ဂျောင်ကုပစ္စည်းတွေကိုင်ရင်း သတ်မှတ်အခန်းကိုဝင်ခဲ့လိုက်သည်။

ကုတင်ပေါ်မှီရင်း နဖူးပေါ်လက်တင်ကာ အိပ်နေတဲ့လူသားက ပါးစောင်တွေ မေးစေ့တွေမှာ သွေးတွေစို့နေသည်။ ပိုးသတ်ရမှာမို့ ပိုးသတ်ဆေးကိုဂွမ်းနဲ့တို့ကာ အနာဆီသွားထိမိတော့

"အ့!!"

ဒုန်း!! ခွမ်း!!

ဆော့ဂျင်ရုတ်တရက်လန့်ကာ လက်ပြန်ရိုက်လိုက်တာကြောင့် ဂျောင်ကုပါးပြင်ကိုဖြောင်းခနဲ။ တစ်ဆက်ထဲလက်ထဲက ဆေးဗူးရော တန်ဆာပလာအချို့ပါ ကုတင်အောက်မရှုမလှ။

"နည်းနည်းပါးပါး အသိပေးပြီးမှ ထည့်ပါလား ဒီလောက်စပ်တာမသိဘူးလား"

သူအော်ထည့်လိုက်တော့ ခေါင်းငုံ့ပြီးပါးကိုကိုင်ထားတဲ့ကောင်လေးက အလန့်တကြားမော့ကြည့်လာသည်။ ကြယ်လေးလိုတောက်ပနေတဲ့မျက်လုံးဝိုင်းတွေနဲ့အတူ နှုတ်ခမ်းလေးက ဆူချွန်ချွန်နဲ့ ပါးမှာကုတ်ရာအထင်းသား။

• ᴊɪɴᴋᴏᴏᴋ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • Where stories live. Discover now