"လမ်းခွဲရအောင် ဆော့ဂျင်"
"ဟင့်အင်း ဂျွန်ဘာလို့လဲဟမ်.. ဘာလို့လဲ..အဲ့ကောင်ကြောင့်လား?"
အောက်စီဂျင်ပေးထားရပြီး ဆေးထိုးအပ်တွေရှုပ်ရှက်ခက်နေတဲ့ ယွန်းဂီဆိုတဲ့အကောင် ကိုကြည့်ပြီး ဂျွန် က မျက်ရည်ကျသည်တဲ့။ ဘယ်လိုတောင်.. သူနဲ့တုန်းကတောင် ဘယ်လောက်ဝမ်းနည်းနည်း မငိုခဲ့ဖူးတဲ့ ဂျွန် ကလေ။
ဂျွန်ဆူညံစွာပြောဆိုနေတဲ့ ဆော့ဂျင် လက်ကိုဆွဲပြီး ဆေးရုံအပြင်သို့ ထွက်လာခဲ့လိုက်သည်။
"ဂျွန် ..."
"နောက်မှပြောမယ် ဆော့ဂျင် .. ငါအခုအဆင်မပြေသေးဘူး နောက်မှဆက်ဆွေးနွေးကျမယ်.. ကူး ကိုခေါ်ပြီး ပြန်တော့"
"ဟုတ်ပြီ ဂျွန်"
ဆော့ဂျင် က ဂျွန် ရဲ့ လက်တွေတစ်ဝိုက်မှာပေနေတဲ့သွေးတွေကိုသုတ်ပေးပြီး မျက်နှာလေးကိုပါ ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးလာသည်။ ဂျွန့် ရင်ထဲ အောင့်ခနဲ။ သူဒီလိုလုပ်တာ မကြိုက်ဘူးလေ။
"သွားတော့ "
တွန်းလွှတ်လိုက်တဲ့အခါ ဆော့ဂျင် က မျက်ရည်တွေဝဲရင်း ကူး ဆီကိုဦးတည်သွားသည်။
"ပြန်ကြမယ် ကူး"
"ဟင်"
ယွန်းဂီကို ငူငူကြီး ကြည့်နေတဲ့ ကူး က ဆော့ဂျင်ရဲ့အော်သံကြောင့်လန့်သွားပုံရသည်။ သူတို့ ယွန်းဂီ ဆေးရုံရောက်ပြီးထဲက ခွဲခန်းထဲဝင်တဲ့အထိ ထိုင်စောင့်နေကြတာ ဖြစ်ပြီး ဂျွန် ရဲ့ တရှုံ့ရှုံ့ ငိုသံအကြား ဆော့ဂျင် က အံဩနေခဲ့တာဖြစ်သည်။
"ပြန်မယ် ထ "
ကူး က ယွန်းဂီ ကိုလှည့်ကြည့်လှည့်ကြည့်လုပ်ရင်း လိုက်ပါလာခဲ့သည်။ အပြင်ရောက်တော့ မိုးလင်းနေပြီး သူတို့တွေတစ်ညလုံးမအိပ်ရသေးဘူး။ ဂျွန့် ကိုတွေ့သွားတဲ့ ကူး က နှုတ်ဆက်ချင်ပေမဲ့ တစ်ကိုယ်လုံးတုန်ယင်ကာ ဘာမှထွက်မလာခဲ့။ ကိုကိုအမြင်မှာ သူက သိပ်ရွံစရာကောင်းတဲ့လူဖြစ်နေတော့မှာ။
"ဟင့်.."
ကူး ငိုသံကိုကြားတဲ့အခါ ဆော့ဂျင်မျက်မှောင်ကြုံ့မိသည်။ စိတ်အရမ်းရှုပ်လွန်းတာမို့ အော်ငေါက်ပြီးအငိုတိတ်ဖို့ ပြောပြစ်ချင်ပေမဲ့ ကူး မျက်ရည်တွေကိုကြည့်ပြီး ဘာမှလုပ်မရတော့။ ဆိုင်ကယ်ကို ဘေးထိုးရပ်ပြီး ငိုပြီးတဲ့အထိ စောင့်နေလိုက်တော့သည်။