• 𝖻𝗋𝗂𝗇𝗀 𝖻𝖺𝖼𝗄 • 3

829 105 28
                                    

ဆော့ဂျင် ကားရပ်ကာ စီယာတိုင်ကိုင်ပြီး ငြိမ်သပ်နေမိသည်။သူဒီနေ့နဲ့ဆို နှစ်ပတ်ရှိပြီ။ ရှေ့မတိုးနောက်မဆုတ်အခြေနေနဲ့ အဝေးကနေပဲ ကုကို ငေးရသည်။ တစ်ခါတစ်လေ ကုဘေးမှာ ကင်မ်နမ်ဂျွန်းပါသလို တစ်ခါတစ်လေ တစ်ခြားလူတစ်ယောက် ပါပါလာသည်။

ကုက အဲ့မူကြိုကိုဖွင့်ထားပြီး တစ်ခြား ကလေးနဲ့ပတ်သတ်တဲ့ဂေဟာတွေလဲဖွင့်ထားသည်တဲ့။ ကြားကာလအတွင်း သူတို့ဘာတွေဖြစ်ခဲ့လို့ ကုနဲ့အဆက်သွယ်ပြတ်ခဲ့ရတာလဲ? သူက ကုကို အဲ့လောက်ထိ ရက်စက်မဲ့လူမျိုးမဟုတ်တာ သူ့ကိုယ်သူသိပါသည်။

ခုလဲ မူကြိုထဲက ထီးလေးဆောင်းကာ ထွက်လာတာမို့ ဆော့ဂျင်လဲ ကားပေါ်က ဆင်းကာ နောက်ကပြေးလိုက်သည်။

"ကု!!"

သူ့အသံကြောင့် လှည့်ကြည့်လာတဲ့ကုက အံ့ဩခြင်းအလျင်းမရှိ။ ခပ်တည်တည်နဲ့သာ ကြည့်နေပြီး မျက်လုံးသေတွေနဲ့။

"ကု!! ငါလေ ကင်မ်ဆော့ဂျင် မှတ်မိတယ်မလား"

"ငါမင်းကို မမေ့ပါဘူး"

"အာ.."

မျက်နှာသေနဲ့ ကုကို သူမမြင်ဖူးဘူး။ ကုက အဲ့တိုင်းပဲရပ်ကြည့်နေတာမို့ ဆော့ဂျင် ကုကို စကားပြောဖို့ အချိန်အနည်းငယ်တောင်းလိုက်တော့ ခေါင်းညိမ့်ပြလာသည်။

"ငါမေးစရာရှိလို့ ကု!! ငါ့ ဆယ့်ခြောက်နှစ်ပြည့်မွေးနေ့က ဘာတွေဖြစ်ခဲ့တာလဲဟင် ငါ အက်စီးဒန့် အသေးလေးတစ်ခုဖြစ်သွားတော့ သိပ်မမှတ်မိချင်တော့ဘူး အဲ့ကြောင့် လိုက်စုံစမ်းနေတာ"

ဒီတိုင်းဆို ယုံမှာ မဟုတ်တော့ ဆော့ဂျင် လိမ်ညာမေးလိုက်ရသည်။ ကုက မယုံသင်္ကာကြည့်လာပေမဲ့ ဘာမှမပြောပါ။

"အဲ့နေ့က ငါ့ကြောင့် မင်းရေထဲကျသွားခဲ့တယ် နိုးလာတော့ ငါမောင်းထုတ်ခံရပြီး ငါ့ဖြစ်တည်မူကိုပါ မိဘတွေ သိကုန်တယ် ငါတို့ အိမ်ပြောင်းသွားခဲ့တယ် ပြီးတော့ အဆက်သွယ်မရှိတော့ဘူး ဒါပါပဲ!!"

ဂျောင်ကု ထိုစကားတွေပြောပြီး သိပ်မခံစားရတော့။ အချစ်ရူးခါစကတော့ သေမတတ်ပဲပေါ့။ သူ ဆော့ဂျင်ကို ပြန်လိုက်တောင်းပန်ပေမဲ့ ရက်ရက်စက်စက်ပြောခံခဲ့ရတာတွေ။ ဆော့ဂျင်ရဲ့ သူငယ်ချင်းတွေဆီမှာ အနှိမ်ခံရတာတွေ သူမမေ့ဘူး။ ဒါပေမဲ့ သူပြောမှာလဲ မဟုတ်တော့ဘူး။ သူပြောလဲ ထူးမှာမှ မဟုတ်တာ!!

• ᴊɪɴᴋᴏᴏᴋ sʜᴏʀᴛ ᴄᴏʟʟᴇᴄᴛɪᴏɴ • Where stories live. Discover now