ဂျွန်လ၂၆ရက်၂၀၀၂ခုနှစ်
"သေချာလေးအပ်ပါတယ်ဆရာမရယ်
ကောင်းကောင်းသင်ပြပေးပါဦး""ဟုတ်ကဲ့ စိတ်ချပါ ဒိုယောင်းကိုသေချာဂရုစိုက်ပေးမှာပါ"
ကျောင်းအသစ်ကဒိုယောင်းတို့အတန်းပိုင်နှင့်အမေဖြစ်သူတို့ပြောနေသည့်ကြားဘာမှဝင်မပြောချင်သည်နှင့်တစ်ချက်သာပြုံးပြလိုက်မိသည်။
ထိုနေရာ၏လေထုကအတော်ထူးဆန်းပါသည်။
ကျောင်းသားတိုင်းကလည်းဒိုယောင်းကိုဂြိုဟ်သားမြင်သကဲ့သို့ပင်ကြည့်နေကြသည်။
Doy's POV:
ထိုအကြည့်များကြားမှရှောင်ထွက်လာစဉ်…ဒုန်း*(တံခါးနှင့်ခေါင်းစောင့်မိသံ)
"အယ်!! တောင်းပန်ပါတယ်"
ဒိုယောင်းတံခါးကိုဖွင့်ပြီးအပြင်ထွက်ဖို့လုပ်နေသည့်အချိန်တွန်းဖွင့်သည့်တံခါးဖြစ်သောကြောင့်လျှောက်လမ်းတွင်လာနေသောကျောင်းသားတစ်ယောက်နှင့်တိုက်မိသွားစေမိခြင်းဖြစ်သည်။
သို့ပေမယ့်ကိုယ့်ဘက်မှတောင်းပန်လိုက်သော်လည်းပြန်လည်ရရှိခြင်းကအကြည့်စူးစူးတစ်ခုသာ။ထို့နောက်ပြောသွားသေးသည်
'နောက်တစ်ခါ ဂရုစိုက်ပါကောင်လေး' တဲ့။"ဟင် ထူးဆန်းတဲ့လူဘဲ"
စာအုပ်များတပွေ့တပိုက်နှင့်ထွက်သွားသူကိုကြည့်ရင်းပြောမိလိုက်သည်။
ပိုထူးဆန်းတာကဒိုယောင်းဖြစ်လောက်သည်ဟုတစ်ဆက်တည်းတွေးမိပြန်သည်။
ဒိုယောင်းတို့အကြည့်ခြင်းဆုံမိတာ၅စက္ကန့်ပင်မကြာပါ။သို့သော်ငြား ထိုလူ၏မျက်လုံးထောင့်နားကနှင်းဆီပုံအမာရွတ်လေးကိုသေချာစွာတွေ့လိုက်မိပါသည်။ထို့ပြင်နာမည်ကတ်…"အီထယ်ယုံး?"
**********end**********
Tyong's POV:
လပတ်စာမေးပွဲဖြေရဖို့တစ်လသာလိုတော့သည်ဖြစ်သောကြောင့်ထယ်ယုံးစာလေ့လာရန်စာကြည့်တိုက်သို့ခပ်သုတ်သုတ်သွားနေမိသည်။
ထိုစဉ်ပွင့်လာသောတံခါးကိုရှောင်ရန်အချိန်မမှီခဲ့၍ဒုန်းဆိုသည့်အသံနှင့်အတူနှဖူးနဲ့တံခါးမိတ်ဆက်ခဲ့ရတော့သည်။"အယ်!! တောင်းပန်ပါတယ်"
တစ်ဖက်ကတံခါးဖွင့်လိုက်မိသူ၏ပြာပြာသလဲတောင်းပန်သံထွက်လာသည်နှင့်မော့ကြည့်မိလိုက်သည့်အခါ မျက်ဝန်းညိုများ…
ကြည်လင်ညိုဖျော့နေသည့်မျက်ဝန်းအစုံနှင့်ထိုလူကယုန်ရုပ်ကလေးသဖွယ်။
"နောက်တစ်ခါ ဂရုစိုက်ပါကောင်လေး"
ပြောပြီးစာအုပ်များကောက်ကာထထွက်လာမိပါသည်။အခြားလူသာဆိုထိုအချိန်တွင်ရှေ့မကြည့်နောက်မကြည့်တံခါးဖွင့်ရမလားဟူ၍အော်ခဲ့ပြီးပြီဖြစ်လောက်သော်လည်းယခုမှာထိုလူ့မျက်ဝန်းများကြောင့် အော်ချင်စိတ်များပျောက်သွားခဲ့ရသည်။
ထို့အတူတွေးမိသည်က ဤတံခါးကိုပြောင်းခိုင်းဖို့ကျောင်းအုပ်ကြီးကိုပြောရမည်ဆိုသည်ပင်။
TBC…
_________________🌷_________________၂ရက်နောက်ကျသွားတာအားနာမိပါတယ်။
ဟာနူးလ်နေမကောင်းတာနဲ့စာမရေးဖြစ်လို့ပါ။တောင်းပန်ပါတယ်နော် ㅠ ㅠ