Doy's POV:
"သောက်ကောင်းကျိုးကိုမပေးတဲ့အင်္ဂလိပ်စာ! လူသာဖြစ်မယ်ဆိုရိုက်သတ်ပစ်မယ်"
ပထမဆုံးကျောင်းတက်ရက်ရဲ့ပထမဆုံးအချိန်က ကင်မ်ဒိုယောင်းတို့မုန်းတဲ့အင်္ဂလိပ်အချိန်ဖြစ်နေတာကြောင့်ကိုယ်တော်လေး၁ယောက် ဒန်ကော ဒေါကန်နေလေသည်။
"တိုးတိုးနေ နားထောင်နေတဲ့သူများတွေကိုမနှောင့်ယှက်နဲ့"
ဘေးကနေ ပြောလာသူကိုမျက်စောင်းထိုးကာကြည့်လိုက်တော့သူ့ကို'ဘာပြောချင်လဲ'ဆိုတဲ့အကြည့်နဲ့ပြန်ကြည့်လာတာမို့ မှောက်သာအိပ်နေလိုက်ပါတော့သည်။
ဆရာပြောနေတာကိုနားထောင်လည်းနားမလည်တာမို့မှောက်အိပ်နေလိုက်တာကသူ့အတွက်အကောင်းဆုံးပင်ဖြစ်သည်။Tyong's POV:
ထယ်ယုံးကကျောင်းရဲ့စံပြကျောင်းသားဖြစ်တာကြောင့်ယခုရောက်လာသောကျောင်းသားသစ်ကိုကူညီရမယ်ဆိုသည့်အတန်းပိုင်၏စကားအဆုံးမှာထိုသူအားသူ့ဘေးတွင်ထိုင်ခိုင်းလိုက်ရသည်။
တစ်ကျောင်းလုံးကို'အီထယ်ယုံးဘေးမှာထိုင်မလား အိမ်သာဆေးမလား'မေးမည်ဆိုလျှင်လူမှုရေးမရှိတဲ့အီထယ်ယုံးဘေးမှာထိုင်မယ့်အစား အိမ်သာဆေးမည်ကိုသာရွေးကြမည်မှာမုချပင်။
သို့သော် ထိုလူကမတူ ထယ်ယုံးကိုတောင်ရယ်ပြ၍ရင်းနှီးသယောင်လုပ်နေသည်မှာထူးဆန်းတဲ့လူဘဲဟုထယ်ယုံးတောင်ထင်ရသည်အထိဖြစ်သည်။"တိုးတိုးနေ နားထောင်နေတဲ့သူများတွေကိုမနှောင့်ယှက်နဲ့"
ဘေးကနေပွစိပွစိလုပ်နေသောကြောင့်အာရုံနောက်သဖြင့်ပြောလိုက်သည့်အခါသူ့စီမျက်စောင်းလှလှကလေးသာရောက်လာပါသည်။ ကြောက်ရွံ့သည့်အရိပ်အယောင်မရှိ၊ရှုပ်ထွေးနေသည့်မျက်ဝန်းညိုများသာ…
"တကယ့်လူထူးဆန်းဘဲ"
ခပ်တိုးတိုးရေရွတ်ကာဘေးကလူကိုလှမ်းကြည့်မိတော့မှောက်အိပ်နေလေသည်။
------------------------------------------------------------
ထမင်းစားဆင်းချိန်*"အီထယ်ယုံး"
သူ့ကိုခေါ်လိုက်တာလား အီထယ်ယုံး ဆိုပြီး?
"ဘာလဲ"
မျက်ခုံးတစ်ဖက်ပင့်ကာ'ဘာလဲ'ဆိုသည့်အသံကခပ်ပြတ်ပြတ်ပင်။အေးစက်နေသောဒိုယောင်း၏လက်များတွင်ချွေးစေးများတောင်ပြန်လာရသည်အထိထိုသူကကြောက်ဖို့ကောင်းလှသည်။
"ဟို…အင်္ဂလိပ်အချိန်တုန်းကနားမလည်လိုက်လို့ ပြန်ရှင်းပြပါလား"
"နားမှမထောင်တာ ဘယ်နားလည်မလဲ"
"မင်း!...ညနေကျစာကြည့်တိုက်မှာစောင့်နေမယ် လာရှင်းပြ"
ပြောချင်တာပြောပြီးထထွက်သွားသူကိုကြည့်၍ကျန်ခဲ့သည့်ထယ်ယုံးမှာတော့မျက်ခုံးများကိုတွန့်ချိုးထားကာ "ဘယ်လိုလူလဲဟ" ဟာပြောရုံပင်မတတ်နိုင်။
ထို့ပြင် ခုန်နေသောနှလုံးသားကြောင့်ရင်ဘတ်ကိုဖိကာ ခပ်ဟဟရယ်ရင်းနောက်ထပ်ပြောလိုက်မိသည်က
"မင်းကစိတ်ဝင်စားစရာကောင်းတဲ့လူဘဲ…မျက်ဝန်းညို"
__________________🌷__________________
TBC…ကြာနေတာစိတ်မဆိုးပါနဲ့နော်
ဟာနူးလ်ငပျင်းလေးဖြစ်နေလို့ပါ ဟီးး
မနက်ဖြန်ကြရင်အပ်ဒိတ်ထပ်ရှိပါမယ်<3