Doy's POV:
"ထယ်ယုံး!"
ဂျောင်ဝူး၊ဂျယ်ဟျွန်းနဲ့အတူဒိုယောင်းစီလမ်းလျှောက်လာနေတဲ့သူကိုလက်ပြရင်းလှမ်းအော်ခေါ်လိုက်မိသည်။"အွန်း"
"ကျောင်းပြေးရအောင်"
"ဘာ"
မျက်မှောင်ကြုံပြီးဘဝင်မကျသည့်အကြည့်ဖြင့်ပြန်ကြည့်လာပြီးသဘောမတူသည့်အသံဖြင့်ပြန်ပြောလာသည်။
"ချယ်ရီတွေပွင့်ပြီတဲ့ အတူသွားကြည့်ရအောင်
မင်းတို့ရောလိုက်မလား ဂျောင်နဲ့ဂျယ်?"အဖော်များရင်ပိုပျော်တတ်သူကဒိုယောင်းမို့ကျန်နဲ့၂ယောက်ကိုပါဆွယ်တော့၂ယောက်သားလက်လေးတကာကာဖြင့်သူတို့ဘာသာဘဲဒိတ်လုပ်ချင်ပါသည်တဲ့။
အေးလေကင်မ်ဒိုယောင်းကငရှုပ်ကိုး အတွဲကြားထဲတအားဝင်ဝင်နှောင့်တတ်တဲ့ငရှုပ်။"ငါ ပန်းတွေမကြိုက်ဘူး"
ထိုစကားကြားတော့အင်တင်တင်ဖြစ်သွားရသူမှာဒိုယောင်းပင်။ ဂျောင်နဲ့ဂျယ်တို့အတွဲကိုအကူအညီတောင်းသည့်အကြည့်ဖြင့်လှမ်းကြည့်မိတော့၂ယောက်လုံးခပ်ပြုံးပြုံးပင်။
(JaeWoo's POV:
"ဟိုကဒိတ်ဖို့ခေါ်နေတာကိုမသိရလောက်အောင်အထိတုံးသလားအီထယ်ယုံးရယ် အံ့ပါ့"
"အရိပ်ပြလို့အကောင်မမြင်၊အကောင်လိုက်ထုတ်ပြတော့လည်းဘာကောင်လဲပြန်မေးမယ့်လူစားမျိုးပါလားအီထယ်ယုံးရယ်")
"ငါကြိုက်တယ်လေ ပြီးတော့မနက်ဖြန်မိုးရွာမှာတဲ့အဲ့ကျကြည့်လို့မရတော့ဘူး ဒီနေ့သွားကြည့်ရအောင်ပါ အတူလိုက်ခဲ့လေ နော်"
"ဒီတိုင်းပန်းတွေဘဲကို ဘာလုပ်ဖို့အထူးတလည်ကြည့်နေမှာလဲ"
စိတ်ညစ်လိုက်တာအီထယ်ယုံးရယ် ဒိတ်ဖို့ခေါ်နေတာကွ မင်းကိုဒိတ်ဖို့ခေါ်နေတာ!!
"မင်းမလိုက်ရင်တခြားလူခေါ်သွားမယ်"
"ဟိတ် ခဏလေး"
အခုငါ့ကိုလှမ်းဆွဲထားတာလား ဘာလဲ အီထယ်ယုံးကသူ့စီပိုကြွေအောင်လုပ်နေတာဘဲ
"…"
"လိုက်မယ်
ဂျောင်နဲ့ဂျယ် ငါတို့ကိုဆရာမစီနေမကောင်းဘူးလို့ပြောပြီးခွင့်တိုင်ပေး"