|7|

59 6 1
                                    

၂၀၂၃၊ဇန်နဝါရီလ၊၁၅ရက်၊

"yong-ah~~~"

"အွန်း"

"ဒီနေ့ကပိတ်ရက်မလား"

"အွန်း"

"ဒါဆို ငါတို့အပြင်သွားကြမလား"

မျက်ဝန်းလဲ့လဲ့ကလေးတွေနဲ့ထယ်ယုံးကိုချွဲပြီးပြောနေတဲ့ဒိုယောင်းကချစ်စရာ။

"အွန်း"

"…"

"?"

"ရား အီထယ်ယုံး
မင်းငါ့ကိုမချစ်တော့ဘူးမလား ငါစကားပြောနေတာတောင်ဂရုမစိုက်အားဘူးအွန်းဘဲပြန်ဖြေပြီးအဲ့laptopကိုဘဲကြည့်နေတာ ငါ့ထက်အရေးပါလားအဲ့ဟာက!"

စိတ်ဆိုးသွားပုံရသည့်ဒိုယောင်းကနှာခမ်းတထော်ထော်နှင့်တရပ်စပ်ထယ်ယုံးကိုပြဿနာရှာပါတော့သည်။

"ပိတ်ရက်မှာငါနဲ့ထွက်မလည်တာဘယ်လောက်ကြာပြီလဲ အချိန်ပိုဆင်းရတာနဲ့အိမ်ကနေအလုပ်လုပ်ရတာနဲ့မင်းဘဲအလုပ်များနေတာငါကဘာမှမလုပ်ရတော့ဘူးလား"

"ဟင်"

"အီ!ထယ်!ယုံး!"

"မအော်ပါနဲ့ ကိုယ်ကြားပါတယ်"

"ဪ ကြားသေးတယ်ပေါ့ ကြားရင်ပြန်ပြောလေ! မင်းကိုအဲ့ဒါတွေအသည်းယားတာစကားပြောနေရင်ဂရုကိုမစိုက်ဘူး ငါကမင်းအတွက်ဘာလဲ ပြော!!"

"မင်းကကိုယ့်ရည်းစားလေ အဲ့ဒါတလောကလုံးသိတယ်"

"…"

"ရပြီ အဝတ်အစားတွေသွားထည့်တော့"

"ဘာ မင်းကငါ့ကိုအိမ်ပေါ်ကနှင်ချတယ်ပေါ့ ၆နှစ်တောင်တွဲခဲ့တဲ့သံယောဇဉ်ကိုမထောက်ပြီး‌တော့ဒီနေ့ကဘာနေ့လဲဆြိတာကိုပါမမှတ်မိတဲ့အပြင်အဝတ်အစားထုတ်တောင်ပြင်ခိုင်းနေပြီပေါ့ အီထယ်ယုံး!မကောင်းတဲ့ကောင် အီးဟီးး"

ကြမ်းပြင်မှာထိုင်ချပြီးငိုနေတဲ့ဒိုယောင်းကိုထယ်ယုံးနားမလည်သလိုအကြည့်နှင့်သာကြောင်ကြည့်နေမိပါသည်။

"ဘာတွေပြောနေတာလဲငါ့ရည်းစားရယ်
ကိုယ်ခရီးသွားဖို့ဟိုတယ်ဘိုကင်လုပ်ပြီးပြီမို့သွားကြဖို့အဝတ်အစားတွေထည့်ခိုင်းနေတာလေ"

Love=brown eyes [Happy Ending version ☁️]Where stories live. Discover now